16

435 30 3
                                    

ကျောင်းပိတ်ရက်မို့ (. ....) လမ်းက fusal ကွင်းတွင် လေ့ကျင့်ရေးဆင်းရသည် ။ ဒီနေ့တော့ နောက်ကျမှ ပြန်ရမည်ဖြစ်သည် ။

တစ်မနက်လုံး တစ်ယောက်ချင်း ပင်လယ်တီ ကန်ချက်တွေ ၊ လူပေးနည်းတွေ သင်ပေးနေသည် ။ အစ်မများက မုန့်များယူလာပေးကြသည် ။ ရေသန့်ဗူးတွေ ဝေပေးသည် ။ တစ်ယောက်ချင်းလေ့ကျင့်ပြီးလျှင်တော့ နှစ်သင်းခွဲကာ ကန်ရမည်ဖြစ်သည် ။

အမောပြေနားတုန်း အငယ်တန်းမှ ကောင်မလေးတစ်ယောက်က လိုတနားကပ်လာသည် ။

" အစ်မက စကားနည်းတယ်နော် ''

လိုတ သူ့ကို သိသော်လည်း မရင်းနှီး ။ သူက ဘောလုံးအဆွဲတော်သောကြောင့် နည်းပြများက သူ့ကိုအားကိုးသည် ။ နာမည်တော့ ​​ခတ်ဆန်ဆန်လေးပဲ ။
သွေးသစ်ပို ။

" အစ်မက Lesbian လား ''

လိုတဘေးနား ဘယ်သူ့မှ မရှိ၍ တော်သေးသည် ။ အားလုံးက မုန့်ဆိုင်နား ရောက်နေကြသည်ကို ။ လိုတ ပြန်မပြောပဲ စူးရဲစွာသာ စိုက်ကြည့်လိုက်သည် ။
ကလေးမက ရဲရဲတင်းတင်းနှင့် ပွင့်ပွင့်လင်းလင်းရှိသည့်ပုံ ။

" ဘာလုပ်မလို့လဲ ''

မေးခွန်းသာ ပြန်မေးလိုက်သည် ။ သူ့ကို အဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဂရုစိုက်နေတာ လိုတ မကြိုက် ။ သူတို့ရိပ်မိရင်လည်း ရိပ်မိသလိုသာ နေကြစေချင်သည် ။ ခုလို ဖွင့်ဟပြောလာခြင်းက မေ့နေသော အရာတစ်ခုကို လာတူးဆွနေသလိုပင် ။

" အစ်မနဲ့ မချစ်ပိုင်ရှင်တို့က တွဲနေကြတာလား ''

" ဘာ........''

ပိုင်ရှင့်နာမည် ပါလာသောကြောင့် သူစိုးရိမ်မိသည် ။ ပိုင်ရှင်က သူ့လိုမှ မဟုတ်တာလေ ။

" အစ်မတို့က လိုက်ပါတယ် official တွဲလိုက်ကြပါလား ... ''

ဒီကလေးမ ဘုမသိ ဘမသိနှင့် ။ သူတစ်ပါးကိစ္စတွေ လိုက်စိတ်ဝင်စားနေသော သူ့အား လိုတ အမြင်မကြည်တော့ ။

" ငါက lesbian... ဒါပေမယ့် ပိုင်ရှင်က normal ပဲ
မဆိုင်တာတွေ မပြောနဲ့ ''

ဟု ခပ်မာမာ ပြောလိုက်သည် ။ ဒါတွေက privicy အနေဖြင့်ပဲ လိုတ ထားချင်သည် ။ ဘယ်သူ့ကိုမှ မဖွင့်ဟလို ။ ခုတော့ ဘာမှနားမလည်တဲ့ ဒီကလေးမ တွဲသွားတာမြင်ရင် လိုက် ship နေမည့် ကလေးမဟု လို မှန်းဆမိပါသည် ။

Love Is RainbowWhere stories live. Discover now