{11}

2.6K 228 5
                                    

မောင့်ဂျီမင်ဟာ...မောင့်ဂျီမင်ပဲမို့.....
တစ်ခြားသူကို မောင့်ဂျီမင်ထက် ပို
မချစ်နိုင်ဘူး ထင်.....

ဂျီမင် မှာ တစ်ရက်တစ်ခြား....
သူ့ကိုယ်သူပင် မလုံနိုင်ဖြစ်နေပြီ....

သူ့ကို တစ်ခြားသူက ပိုင်နေပြီဆိုတဲ့...
အသိစိတ်ကြီးက...လွှမ်းမိုးလာ....

မောင်ပိုင်တဲ့ငါက...
တစ်ခြားတစ်ယောက် ပိုင်ပြီးသား
ဆိုရင်ကော မောင်.....

"မောင်...ငါဒီမှာ မနေချင်တော့ဘူး...."

ဆေးရုံမှာနေရတာပင် ရက်အတော်ကြာပြီ...
တစ်လနီးနီးပင် ဖြစ်နေပြီမို့....
ဂျီမင် ဒီမှာ နေရတာ အတော် ပျင်းလှပြီ....

"ဟန်နီ...ခနပဲနေရတော့မှာပါ...နောက်ရက်ပိုင်းလောက်...."

"ဟင့််အင်း...ငါမနေချင်တော့ဘူး မောင်...နော်..."

*မောင် နော် *
ဟက် အဲ့ဒီစကားလုံးက...
လူကို သတ်ဖို့များလား....
မောင့်ဂျီမင်.....

"ဟန်နီ...ကမနေချင်တော့ဘူးလား...."

"ဟင့်အင်း....ငါဒီကလေကိုရှုရတာ မကြိုက်ဘူး....ဒီမှာရှိတဲ့လူတွေကိုလဲ မကြိုက်ဘူး....ဒီနေရာကြီးကိုလဲ မကြိုက်ဘူး....."

ဂျီမင်ပြောတာလဲ ဟုတ်ပါရဲ့.....
ဆေးရုံ၀န်း အတွင်းမှာ ရှိနေတာမို့....
ဆေးနံ့ကခပ်စူးစူးနဲ့မို့....
အသက်ရှုရတာ မချောင်လည်....

ဆရာ၀န်နဲ့သူနာပြုအကူတို့မှာလဲ....
ဆေးနဲ့ထိတွေ့နေရတဲ့ သူတွေမို့....
ဆေးနံ့တို့ကရှိနေပြန်သေးတယ်....

ဆေးရုံ၀န်းက လူနာတွေနဲ့...
ဆရာ၀န်တွေကိုကြည့်ရတာ...
စိတ်ထဲခပ်နောက်နောက်.....

ဒီနေရာဟာ..နေချင်စရာမရှိ.....

"ဟန်နီ...မနေချင်ရင် အိမ်ပြန်ကြတာပေါ့....
ကိုယ်ဆရာ၀န်ကို သွားပြောပေးမယ်....."

"အင်....ငါလဲ လိုက်လို့ရမလားမောင်...ငါကြောက်လို့ပါ...."

"ဟမ်..."

"ဟုတ်တယ်...မင်းမရှိရင်...ငါ့ကိုလူတွေကရိုက်နေတယ်လို့ ခံစားရတယ်....ငါ..ငါ့ကို အရမ်းနှိပ်စက်ကြတာ...ငါကြောက်တယ် ခေါ်သွားပါနော် မောင်...."

အတိတ်💔   [Compelet]Where stories live. Discover now