episode 39

5.6K 254 2
                                    

""ဟယ်လို မြ လား""

"ဟင်...ခင် လား"

"ဟုတ်တယ်ရှင့်"
"နေကောင်းရဲ့လား"

"အင်း...
"အဆင်ပြေရဲ့လား ခင်"

"ခင် အဆင်ပြေပါတယ်..မမမြကော"

"ပြေသားကွယ်"

"တွေ့ချင်လို့..ဘယ်နေ့အားလဲဟင်"

"မနက်ဖြန်လာပေါ့"...မြမရှိလည်း ခဏစောင့်နေပေါ့"

"Ok"

ခင်သည် မြ၏ ဖုန်းနံပါတ်ကိုတော့ အရေးပေါ်အတွက် အလွတ်ကျက်ထားသဖြင့် မှတ်မိနေသည်။မနက်ပိုင်းမြအလုပ်မသွားခင်သာ ခေါ်လို့ရသဖြင့်အိပ်ရာမှနိုးနိုးခြင်း ခေါ်ကြည့်လိုက်ခြင်းဖြစ်သည်။

""ဟိုမိန်းမလား ဘေဘီ"

"အင်း"
""မနက်ဖြန်သွားတွေ့မလို့... ရမလားဟင်"

"ခင့်သဘောပါရှင်...တို့ ​​လိုက်ပို့ပေးမယ်"
"ဒီကို လာပါအုံး ဖက်ချင်လို့"

"အိပ်ပုပ်...အင်္ကျီအရင်ဝတ်"
"၁၀နါရီထိုးပြီ..မနက်စာစားကြမယ်"

"အင်းပါ...ဒီကိုခဏလာလို့... တို့ထလာရမလား"

""ဟာ...နေနေ...ဒီတိုင်းပဲနေ"
"ဟင့်...အရှက်ကိုမရှိတာ"

"ဘာဖြစ်လဲ... ကိုယ့်မိန်းမရှေ့ကိုယ်နေတာ"

ခင် နှုတ်ခမ်းထော်ကာ ကုတင်နားသို့သွားလိုက်သည်နှင့် နှင်း ကုတင်ပေါ်သို့ ဆွဲချတာခံလိုက်ရသည်။

"အား...ဘာလုပ်တာလဲ"

"အူးမွှ...မွှ...မွှ" morning kissပေးတာ"
"နောက်ဆို မောနင်းကစ်ပေးပြီးမှ
ထခိုင်းရမယ်"

"နှင်း အကျင့်ပုပ်"...သွားလဲမတိုက်ပဲနဲ့"

"အား....

"တို့ကို အကျင့်ပုပ်လို့ ပြောတယ်ဟုတ်လား...တွေ့မယ်"

ခင့် လည်တိုင်တစ်ဝှိုက်လုံးကို လိုက်ကိုက်နေသောခွေးပေါက်လေးကြောင့် ခင် အသည်းယားကာ အော်နေသည်။

"ဖယ်...ဖယ်...ပါ နှင်း"

"ပြောအုံးမလား"

"ဟင့်အင်း"

"အာ့ဆို ပေးလုပ်"

"ဟင် ဘာဆိုင်လို့လဲ"

မူပိုင် ပြည့်တန်ဆာ...။(Completed)Onde as histórias ganham vida. Descobre agora