Ch 67- Fireeeeeeeee

214 45 6
                                    

|| Unicode ||

ဝူရုန်အပြင်ထွက်သည့်အချိန်သည်အတော်လေးနောက်ကျနေသော်လည်း လမ်းပေါ်တွင်လူများစွာရှိနေဆဲဖြစ်သည်။ ကျားယန်သည် ဘယ်သောအခါမှ အိပ်စက်ခြင်းမရှိသောမြို့ဖြစ်ရာ လမ်းဘေးရှိဈေးဆိုင်တို့သည်တညလုံးဖွင့်လှစ်လေ့ရှိသည့်အပြင် တစ္ဆေထိန်းအများစုသည်လည်း စုံညီ‌ကျောက်လောင်းပွဲအတွက်ဆွဲဆောင်ခံရထားရသေးသောကြောင့် လင်းထိန်ကာလူပ်ရှားသက်ဝင်နေသည်။ တစ္ဆေထိန်းများ၏အလုပ်နဲ့ နားချိန်သည် သာမန်လူများနှင့်ဆန့်ကျင်ဘက်ဖြစ်ရာ ညအချိန်သည်သူတို့အတွက်စွမ်းအားအပြည့်စုံးအချိန်ဟုပြောလို့ရသည်။

ယခုလေးတင် တစ္ဆေပိုင်နက်မှပေါက်ကွဲထွက်ပေါ်လာခဲ့သောအားကောင်းလှသည့်စွမ်းအားနှင့်ပါယှဉ်တွဲလိုက်သည့်အခါ လူအများစုသည်ထပ်မံအိပ်စက်မနေနိုင်ကြတော့ပေ။ သူတို့သည်လမ်းမများပေါ်ထွက်လာကာသတင်းများကိုစူးစမ်းပြီးနောက် ဤအဖြစ်ပျက်အားဖြစ်ပေါ်စေသည့် လူကြီးမင်းအကြောင်းကိုရှာဖွေ့ဖော်ထုတ်ကြမည်ဖြစ်သည်။

ကျားယန်မြို၏ညဘက်လမ်းများပေါ်တွင် လူအများစုသည် အမျိုးမျိုး‌ သော ဝတ်ရုံရှည်နှင့်မျက်နှာဖုံးများအားသုံး၍သူတို့ခန္ဓာကိုယ်များကိုဖုံးကွယ်ထားကြပြီး ဝူရုန်ကဲ့သို့သာမန်လူများမှာ အနည်းငယ်သာရှိသည်။ ဝူရုန်သည် ထိုသို့ သော တခြားသူများ၏အကြည့်မျိုးနှင့်ကျွမ်းဝင်ခဲ့ပြီးဖြစ်ရာ သူသည် အငှားယာဉ်အားခေါ်လိုက်ပြီးနောက် ဖုချင်းယာယီနေထိုင်ရာနေရာသို့သွားလိုက်သည်။

ဖုချင်းနဲ့တခြားသူများမှာ ဗီလာအတွင်းနေထိုင်ခြင်းမရှိ သော်လည်း ကျားယန်ပြည်သူ့ရိပ်သာလမ်းအနီးမှကြယ်ငါးပွင့်ဟိုလ်တယ်တွင်စီစဉ်ပေးထားသည်။ ဝူရုန်သည် ဖုချင်ဘယ်နေရာတွင်နေသည်အားအရင်ကမမေးထား သို့သော် သူကားပေါ်မှဆင်းသွားသောနေရာကိုသာမှတ်မိသည်။ အငှားယာဉ်ထဲထိုင်နေရင်း ဝူရုန်ဖုချင်းဆီသို့မက်ဆေ့ပို့လိုက်သည်။

ခဏကြာပြီးနောက် ဖုချင်းမှသူ့အခန်းနံပါတ်အားပို့ပေးလာသည်။

ကျိန်းသေတာပေါ့ အာ့တာကအရမ်းကိုသက်မသာခံစားတယ်

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now