အပိုင်း(၁၇)

1.3K 77 3
                                    

"ဦးလေးဂျိန်း"

"ရောက်လာပြီလားဟိန်းသူရ"

"ဟုတ်ကဲ့"

"ငါမင်းကိုထောင်ထဲကနေငွေပေးထုတ်ထားတာဆိုတော့မင်းငါ့အပေါ်အကြွေးတင်သွားပြီ"

"ရှင်းရှင်းပြောပါ၊ကျွန်တော်ဘာလုပ်ပေးရမလဲ"

"မင်းလုပ်နေကြအတိုင်းမွှေနှောက်ပေးရမယ်၊နောက်ပြီးဂျိန်းဆိုတဲ့နေရာကိုမင်းအယောင်ပြနေရမယ်"

"ဟုတ်ကဲ့၊ကျွန်တော်လုပ်ပါ့မယ်"

"နောက်ပြီးမင်းမယားနဲ့သားဆီခြေဦးလှည့်ပါ၊ရအောင်အပိုင်ပြန်ကြံပါ"

"အဲ့မိန်းမဆီကိုမသွားချင်ပါဖူးဗျာ"

ဒုန်း

"မင်းငါ့ကိုလွန်ဆန်ခွင့်ရှိလား!"

"မ..မရှိပါဖူး"

"ငါပြောတဲ့အတိုင်းဘဲလုပ်!ကြားလား!"

"ဟုတ်..ဟုတ်ကဲ့"

"သွားတော့"

"ဟုတ်ကဲ့"
******************************
"အကို..အဆင်ပြေပါ့မလား"

"အဆင်ပြေပါတယ်အငယ်လေးစိတ်ကိုအကိုသိတယ်၊သူသဘောတူမှာပါ"

"ဒါပေမယ့်..."

"ဒါပေမယ့်ဆိုတာမလာနဲ့နော်၊အကို့ကိုယုံတယ်မို့လား"

"ဟုတ်ယုံပါတယ်"

"ယုံရင်ပြီးပြီလေဘာမှတွေးမနေနဲ့ဟုတ်ပြိလား"

တစ်ဖက်တွင်

"ကင်အခြေအနေဘယ်လိုလဲ"

"ဟုတ်ကဲ့၊အခုအစီအစဥ်အသစ်ဆွဲနေတယ်ထင်တယ်ဘာလို့ဆိုလူသစ်တစ်ယောက်ကိုခေါ်ပြီးခဏခဏဆွေးနွေးနေပါတယ်နောက်ပြီးအဲ့လူက....."

"အဲ့လူက....ဘာဖြစ်လဲဆက်ပြော"

"အဲ့လူကဘော့စ်ရဲ့သူငယ်ချင်းနွယ့်ရဲ့အရင်ခင်ပွန်းလောင်းဖြစ်နေပါတယ်"

"ဒီကောင်ဘာတွေကြံနေပြန်ပြီလဲ"

"အဲ့တာတော့မသိသေးပါဖူးဘော့စ်၊ကျွန်တော်တို့လူယုံကလည်းအဆက်အသွယ်မပေး​သေးတော့အတိအကျမသိသေးပါဖူး"

"ဟုတ်ပြီ၊ဆက်စုံစမ်းနေပါပြီးရင်ငါ့ဆီမပျက်သတင်းပေးပါ"

"ဟုတ်ကဲ့ဘော့စ်"

မောင့်ရဲ့ဒဏ်ရာ [Completed]Where stories live. Discover now