ep 3

21 0 0
                                    

(အပိုင်း ၃)
ကျွန်မ ချစ်ရလေသော တေးသီစစ်သည်

              (အခန်း ၅)

      လိုက်ကာစကား တရွေ့ရွေ့ကွာကျ
   နေလေပြီ။ရင်အစုံသည်လည်း တုန်၍
   ဆောင့်၍ခုန်ချေပြီ။

  ပွဲဦးထွက်မို့ ဂျေအမ် ရင်ခုန်နေမိခဲ့သည်။
ပထမဦးဆုံး စတိတ်စင်မို့ စိတ်လှုပ်ရှားနေ
ခဲ့မိသည်။လူရွေးပွဲကနေ တစ်ဆင့်တက်ခဲ့ပြီးနောက်
ကုမ္ပဏီမှ ယှဉ်ပြိုင်ကျင်းပပေးသော ပွဲအတွက်
ဂျေအမ် အစွမ်းကုန်ယှဉ်ပြိုင်ရပေဦးမည်။

     ဆလိုက်မီးအချို့ ယှက်သန်းဖြတ်ကျော်သွား
သည်နှင့် မနည်းလှသော ပရိတ်သတ်အချို့ရှိနေ
ချေသည်။အဖွဲ့လိုက် လူရွေးပွဲတစ်ဆင့်တက်ပြိုင်ပွဲ
အတွက် ဂျေအမ် ယုံကြည်ချက်ခိုင်မာစွာ ယှဉ်ပြိုင်ရန်
အားတင်းလိုက်လေသည်။

       လေ့ကျင့်ရေးကာလအတွင်း ဂျေအမ် အပြင်း
  အထန်ကြိုးစားခဲ့သလို အစွမ်းကုန်လည်းပြင်ဆင်
  ခဲ့ရသည်။ဒူးခေါင်းတစ်ဝိုက် ခြေချင်းဝတ်တစ်ဝိုက်
  တွင်လည်း အမာရွတ်များစွာဖြင့်သာ။

သီချင်းလေးကို ဆိုရမည့်အပိုဒ်ရောက်သည်နှင့်
ဂျေအမ် အာရုံစိုက်ဆိုလိုက်မိသည်။အသံနေအသံ
ထားကို တက်နိုင်သမျှ ထိန်းချုပ်ကာ သံစဉ်ကီးဝင်
အောင် ဂရုတစိုက်ဆိုလိုက်မိလေသည်။

       အမှားနည်းနိုင်သမျှ နည်းအောင် သီချင်းကို
   ဆိုလိုက်လေသည်။သီချင်းတစ်ပုဒ်ဆုံးသွားသည်
  အထိပင်။ဂျေအမ် မျက်နှာလေးအထက်တွင်လည်း
  ချွေးသီးချွေးပေါက်တို့များစွာဖြင့်သာ။

  ဒိုင်များက တစ်ဦးချင်းအကဲဖြတ်စကားဆိုနေကြ
လေပြီ။ဂျေအမ် အနိမ့်ဆုံးအဆင့်ကိုသာမျှော်လင့်
ထားဆဲပင်။

  "ဟဲလို ဂျေအမ် "

"ဟုတ် မင်္ဂလာပါဗျ"

"ဂျေအမ်က အသံကာလာလေးလှသလို
  အဟမ်း ဟမ်း ရုပ်ကလေးကလည်း
ဘယ်လိုပြောရမလဲ ဟင်း ဟင်း မမရဲ့
  အချစ်တွေအသည်းတွေကို ခုန်လှုပ်တုန်ရီ
  လှိုက်မော ချစ်ချင်စဖွယ်ဖြစ်လာစေတယ်ကွာ"

"ဗျာ ဟုတ် "

"အင်း ဒါပေမဲ့တစ်ခုဘဲ အသံက
ကျွမ်းကျင်ဖို့ နည်းပရိယာယ်ပိုင်းဆိုင်ရာ
နည်းနည်းလိုသေးတယ်
ကြိုးစားပါ ဂျေအမ် ဖိုက်တင်း"

ကျွန်မချစ်ရလေသော တေးသီစစ်သည်Where stories live. Discover now