အခန်း(၁၂၁) ပထမဆုံး အလုပ်ဆင်းတဲ့နေ့ (၃)

617 84 0
                                    


ချန်းယွီ တစ်ပြိုင်တည်း Case နှစ်ခုကို လက်ခံလို့ မရပေ။ မူရင်း Case က ပြီးခါနီးဆဲဆဲ သို့မဟုတ် အချိန်အကြာကြီး စစ်ဆေးဖို့ လိုအပ်ရင်တော့ တစ်မျိုးပေါ့။

ခေတ္တ ရပ်တန့်သွားပြီးနောက် ချန်းယွိ ပြန်ပြောလိုက်ပါသည်။ "ဒါပေမယ့် အခြေအနေက ပြောင်းသွားပြီ"

"ဘာလဲ! ဘာလို့ စကားကို ဆုံးအောင် မပြောတာလဲ! စကားကို ဆန့်တငင်ငင်ပြောပြီး ငါ့ကို ခန့်မှန်းရအောင် မလုပ်စမ်းနဲ့!"

ချန်းယွီ ကျမ့်ယိလင်လေးကို လှည့်ကြည့်လိုက်ပါသည်။ "ကျမ့်ယိလင်လေးကြောင့် အခြေအနေပြောင်းသွားတာ"

ကျမ့်ယိလင်လေးလည်း ပြန်ကြည့်လိုက်သည်။ ဘာကြောင့် ဒီလိုစကားမျိုးပြောရသလဲ သူမလည်း ကြောင်စီစီ ဖြစ်နေပါသည်။

ချန်းယွီက အပြုံးဖြင့် ပြန်ပြောလိုက်၏။ "ငါအခု တာဝန်ယူထားတဲ့ Case ကစောစောပြီးလိမ့်မယ်။ နင်ထောက်ပံ့ပေးထားတဲ့ လမ်းညွှန်မှုနဲ့ အကူအညီတို့နဲ့ဆို ရက်ပိုင်းလောက်နဲ့ အပြီးသပ်နိုင်လိမ့်မယ်။ ပြီးရင် Case အသစ်ကို လက်ခံလို့ရပြီ"

ယခင်ရက်ပိုင်းလောက်က ကျမ့်ယိလင်လေး သုတေသန အဖွဲ့အစည်းကို တရားဝင် မလာရောက်ခဲ့သော်လည်း တခြား သုတေသန ပညာရှင်များနဲ့ အဆက်မပြတ် ဆက်သွယ်နေခဲ့ပါသည်။ သူမ အဆက်အသွယ်အလုပ်ဆုံး သုတေသနပညာရှင်က ချန်းယွီ ဖြစ်နိုင်ပါသည်။

သူတို့ရဲ့ စကားဝိုင်း ၉၉ ရာခိုင်နှုန်းလောက်က ချန်းယွီရဲ့ ပရောဂျက်နဲ့ သက်ဆိုင်နေပါသည်။

ထိုပရောဂျက်အတွက် ကျမ့်ယိလင်လေးက အကြံဉာဏ်နဲ့ လမ်းညွှန်မှုများစွာ ပေးခဲ့သည်။ ချန်းယွီလည်း သူမထံမှ အများကြီး သင်ယူနိုင်ခဲ့ပါသည်။

ကျမ့်ယိလင်၏ မျက်လုံဂ သူရဲ့ ကွန်ပျူတာဖန်သားပြင်ပေါ် ပြန်ရောက်သွားခဲ့သည်။

ဝတ္ထုရဲ့ မူရင်း ဇာတ်လမ်းအရဆို ချင်းချွမ်က တဖြည်းဖြည်းနဲ့ ချင်းမိသားစုဆီကို ပြန်ရောက်သွားမှာ ဖြစ်သည်။ နောက်တော့ ကျိုက်ယွင်ရှန်းနဲ့ ရန်သူတော်တွေ ဖြစ်လာခဲ့ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now