အပိုင်း (3)

1.7K 41 2
                                    

ဒီနေ့က LGBT နေ့ဆိုတော့ ဒီအပိုင်းလေးက လက်ဆောင်အဖြစ်ပေါ့နော် အရှည်ကြီးရေးပေးထားပါတယ်ဗျ😊😊😊😊

17.5.2022 (LGBT DAY🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈)

🏳️‍🌈🏳️‍🌈🏳️‍🌈We Love LGBT🏳️‍🌈🏳️‍🌈🏳️‍🌈

ဒီပါ တစ်ယောက် မနက်တည်းက အလုပ်စားပွဲမှာထိုင်ပြီး စာရင်းများစစ်နေသည်မှာ နေ့လည် ထမင်းစားနားချိန်ပင်ရောက်နေလေပြီ အမြဲတမ်းအလုပ်ထဲကိုသာ အာရုံစိုက်ပြီး ထမင်းစားချိန်ကိုတောင်မေ့နေတတ်သောသူအား မေဇင်မှအမြဲသွားခေါ်ရလေသည် ခုလည်းမေဇင် သူ့အလုပ်လုပ်သည့်သူ့ရုံးခန်းအတွင်းသို့သွားကာ တံခါးခေါက်လိုက်သည်

''ဒေါက် ဒေါက်''

''ဝင်ခဲ့ပါ''

အမိန့်သံမပါသည့် အသံ ခပ်သြသြက ကြားရသူတိုင်းကို အထက်ဆီးမဆန်ကြောင်းသက်သေပင် မန်နေဂျာ ရာထူးရထားသည့်တိုင် ကျန်အလုပ်သမားများအပေါ် မောက်မာရိုင်းစိုင်းခြင်းအလျဉ်းမရှိ အလုပ်နှင့်ပတ်သက်လာလျှင်လည်း မည့်သူ့ကိုအပေါ်ကိုမှ ရေသာခိုခြင်းမပြုပေ သူကိုယ်တိုင်လည်း အလုပ်လုပ်လျင် ကျန်ဝန်ထမ်းများနှင့်တန်းတူလုပ်သည်

''အေး နင့်အဲ့မှာ စာရင်းတေထဲသာ ဝင်သွားလိုက်တော့ တကတည်းထမင်းစားချိန်မှန်းမသိဘာမှန်းမသိနက်''

ဒီပါ လည်း ဒီအချိန်သူ့အခန်းသို့ လာမည်မှာ မည်သူမှန်း ကြိုသိနေပြီး ထမင်းစားချိန် မစား၍ ဆူပူမည့်သူငယ်ချင်းမလေးအား မငြိူငြင်စွာ ပိုခင်တွယ်မိပါသည် ဘယ်သူတွေဘယ်လောက်ပဲ သူတို့ကိုမရိုးသားဘူးထင်ထင် သူတို့ ရိုးသားမှန်း သူတို့ကိုယ်တိုင်သာသိသည်

''ကဲ မယ်မင်းကြီးမ ခု လာခေါ်ပြီမလား သွားမယ်''

''အေး သွားလည်းသွားရမှာပါ နင်လေ ငါသာမရှိရင် ဘယ်လိုလုပ်မလဲမသိဘူး အမြဲတမ်းအလုပ်ကိုပဲ အာရုံစိုက်မနေနဲ့လေဟာ ကြာရင် နင် လုံးပါးပါးလိမ့်မယ်''

''ကဲ ဟုပါပြီ မယ်မင်းကြီးမရယ် ငါ နောက်ဆိုသတိထားမယ် ဟုပြီလား''

''အမြဲတမ်းလည်းဒီလိုပဲပြောလာ တာအပိုတွေ''

သို့နှင့်သူတို့လည်း စားပွဲတွင်ဝင်ထိုင်ကာ ပါလာသောထမင်းချိူင့်များဖွင့်ကာ စားကြသည် အလုပ်သမားများနှင့် အတူတူ ထမင်းစားပွဲတွင် မာနမပါပျော်ရွှင်စွာဖြင့်

ပြည့်တန်ဆာWhere stories live. Discover now