အပိုင်း(6)

1.2K 34 0
                                    

နောက်ကျသွားတာတောင်းပန်ပါတယ်😁😁

အဂ္ဂ တစ်ယောက် သူ့သူငယ်ချင်းများရှိရာ ကလပ် တစ်ခုသို့လိုက်လာခဲ့သည် မီးရောင်စုံများကြား မြူးတူးစွာ ကခုန်နေကြသော လူငယ်များမှာလည်း အများအပြားပင် ထိုလူအုပ်ကြာထဲတွင် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် လူတစ်ယောက်၏ ဦးတည်သွားနေသည့် ခြေလှမ်းများမှာ vip အခန်းသို့ပင်

''ကဲပြော ဘာကိစ္စလဲ''

ဝင်ဝင်ချင်းပင်မေးလိုက်သောစကားကြောင့် မင်းနောင်နှင့် ဇေယျ တို့နှစ်ယောက်မှာ ပါးစပ်အဟောင်းသားဖြင့် မဖြစ်ပဲနေနိုင်ရိုးလား ခုနကဖုန်းဆက်တာမှ15မိနစ်လောက်ရှိသေးတာကို ကိုယ်တော်ချောက ရောက်လာတာမြန်ချက် ဘယ်လိုများမောင်းလာလည်း မသိ အနည်းဆုံးဆိုရင်တောင် သူတို့အိမ်ကနေ ဒီကို မိနစ် 30လောက်မောင်းရသည်

အဂ္ဂ မှာဝင်ဝင်ချင်းမေးလိုက်သော်လည်း မိမိအားကြောင်ကြည့်နေသော နှစ်ကောင်အား စိတ်မရှည်တော့ပေ

''လီးကို ကြည့်နေတာလား ဘာလဲ မင်းတို့ အဖေကိုခုမှ မြင်ဖူးလို့လား ဟုလား''

ထိုအခါမှ ဟိုနှစ်ကောင်က လှုပ်လှုပ်ရွရွဖြစ်လာသည်

''မသိဘူးလေကွာ မင်းကတောင့်တောင့်ရပ်နေတော့ သေများသွားပြီလားလို့''

''လာစမ်းပါကွာ မလောစမ်းပါနဲ့''

အဂ္ဂ လည်းစကားဆက်မပြောချင်တာနဲ့ မင်းနောင် ဘေးတွင်ဝင်ထိုင်ကာ

''ကျစ် မင်းတော်တော် လျှာရှည်တဲ့ကောင်ပဲ ပြောစရာရှိတာပြောစမ်းကွာ''

မင်းနေင် လည်း စကားအသွားအလာကိုကြည့်ကာ မစနောက်သင့်မှန်းရိပ်မိသွားသည်

''အော် ဟိုဟာကွာ အကိုဒီပါ ရယ် ဒီကိုရောက်နေတယ် အဲ့တာ''

''အဲ့တာများ အရေးတကြီးလုပ်လို့ ဘောကို သူ့ဘာသာလာလာမလာလာပေါ့''

''ဟာ အရေးမကြီးဘူးလို့တော့ ဟုမလားကွာ ဟိုနေ့ ကောင်လေးတစ်ယောက်နဲ့သူ့ကိုတွေ့လိုက်တာကွ''

အဂ္ဂ မှာအရေးမစိုက်သည့်နှယ် လက်ထဲမှ အရက်ခွက်ကိုသာ လှုပ်လိုက်ပြီးသောက်နေသည်

ပြည့်တန်ဆာWhere stories live. Discover now