Part-11

3.6K 268 23
                                    

ဒီနေ့လည်းမောင်ကကျောင်းမလာပြန်ဘူး။
ဖုန်းဆက်တော့လည်း လူကြီးမင်းနဲ့ပဲတိုးနေပြန်သည်။

ဘာကိစ္စမှန်းမသိပမေဲ့ သူရင်ဖွင့်ပြီးကတည်းကမောင်ကသူ့ကိုရှောင်နေခဲ့တာ။

ကျောင်းကန်တင်းမှာလည်းစည်ကားနေသည်။ ဆော့ဂျင်ကတော့ခုတစ်လောသူ့crushနဲ့အရမ်းအဆင်ပြေနေတာကြောင့် ဂျူနီယာခန်းတစ်ဝိုက်တွင်ပင်ခြေချင်းထပ်နေသည်။

သူက ကင်မ်နမ်ဂျွန်ကိုဖိမယ်တဲ့။
ရယ်လိုက်ရတာအူတွေပင်လှိမ့်သွားတယ်။
ကင်နမ်ဂျွန်လိုအားကစားလိုက်စားတဲ့လူကို သူ့လိုအစားပုတ်ကဖိမယ်တဲ့။ တကယ့်ကောင်။

"မင်းက ကင်မ်ထယ်ယောင်းလာ"

"အာ..ဟုတ်ကဲ့ ကင်မ်ထယ်ယောင်းပါ"

သူ့အနားတွင်လာဝင်ထိုင်သောအသားဖြူဖြူဖြင့်ဥရောပသားရုပ်ပေါက်နေသည့်လူဖြူတစ်ယောက်။ ဆံပင်များကိုလှန်တင်ထားပြီး လူကြီးလူကောင်းပုံစံလေးပင်။

"ဂျွန်ဂျောင်ကုကိုစောင့်မနေနဲ့တော့ သူမင်းကိုသစ္စာဖောက်သွားပြီး"

"ခင်ဗျားဘာတွေပြောနေတာလည်း"

"အဟားးး ရော့ ဒါလေးတွေကြည့်ကြည့်"

ထိုလူကမ်းပေးလာသောဖုန်းကိုယူလိုက်တော့ မောင်ကအမျိုးသမီးတစ်ယောက်နှင့်နမ်းနေသော Video Fileတစ်ခု။

ထိုအမျိုးသမီးကမောင့်ပေါင်ပေါ်တွင်ထိုင်ကာ နမ်းနေလိုက်ကြတာမှမြင်မကောင်းအောင်ပင်။ မောင်ကသူ့ကိုအရူးလုပ်နေတာပဲ။ ရူးနှမ်းလိုက်တာကင်မ်ထယ်ယောင်းရယ်...။

ဖုန်းကိုကိုင်ထားသောလက်အစုံကတုန်ယင်နေပြီး နှုတ်ခမ်းကဒေါသကြောင့်တစ်ဆတ်ဆတ်တုန်နေသည်။

"လူမြင်ကွင်းထဲမှာတောင်ဒီလောက်ဖြစ်နေတာ နောက်ကွယ်မှာဆိုရင် ဘယ်လောက်တောင်ဖြစ်နေလိုက်မလည်း မင်းစဥ်းစားကြည့်လေ"

စားပွဲပေါ်တင်ထားသောထယ်ယောင်း၏လက်သီးဆုပ်ကိုမြင်တော့ ထိုလူ၏အပြုံးမှာလှစ်ကနဲ။ ကောင်လေးကလွယ်သည်။ Bossဂျော်နီဆင်ထားသောအကွက်ထဲသို့လှလှပပဝင်လာသည်။

Loading..Where stories live. Discover now