Part-21

4.4K 308 48
                                    

<Unicode>
/ဒီနေ့အလုပ်စဆင်းရမယ်
8နာရီထိုးအရောက်/

ဖုန်းထဲမှမက်ဆေ့ဝင်သံကြောင့်ယူကြည့်လိုက်တော့ နတ်ဆိုးကောင်ဆီမှ မက်ဆေ့ဖြစ်နေတာကြောင့် အိပ်ချင်ပါပြေသည်။

နာရီကြည့်လိုက်တော့7နာရီခွဲ။

ကမန်းကတမ်းရေချိုးခန်းထဲပြေးဝင်ပြီးရေအမြန်ချိုးကာ အဝတ်အစားလဲရသည်။

"မနက်စာစားသွားအုံးလေငယ်လေး"

"မစားတော့ဘူးကိုကို"

"ဟောဗျာ.."

ကိုကို၏ ဗျစ်တောက်ဗျစ်တောက်ဆူသံကိုမကြားနိုင်တော့။ အိမ်ရှေ့အမြန်ပြေးပြီး taxiကိုအမြန်တားကဝင်ထိုင်လိုက်မှ သံပြင်းချနိုင်တော့သည်။

Rizlက ရုတ်တရက်shareပြန်ထည့်လာတာကြောင့်Park companyမှာ ရုတ်တရက်ထူထူထောင်ထောင်ပြန်ဖြစ်လာသည်။

ဘာကြောင့်Rizl CEOက ရုတ်တရင်shareပြန်ထည့်လာတာလည်းဆိုတာကိုတော့ဘယ်သူမှမရှိကြ။ ထယ်ယောင်းလည်းဂျောင်ကုနဲ့အပေးအယူလုပ်ထားတာကိုလည်း အိမ်ကိုမပြောပြဖြစ်ပါ။ ဖေဖေမေမေတို့ကအားနာနေမှာဆိုးတာကြောင့်လည်းပါမည်။

CEO ရုံးခန်းထဲရောက်တော့တံခါးဖွင့်ကာဝင်သွားလိုက်သည်။ သကောင့်သားမှာတော့ fileပုံထဲနှစ်နေသည်။ ဒီလိုကျပြန်တော့လည်း အလုပ်ကြိုးစားတဲ့သူဌေးတစ်ယောက်နဲ့တူသားပဲ။

"​မောင့်ကိုကြည့်လို့ဝရင်လည်း လာထိုင်နေ"

"ဂျွန်ဂျောင်ကု အခေါ်အဝေါ်တွေသတိထားစမ်း"

"လွန်ခဲ့တဲ့ညကတောင် မင်းငါ့ကိုမောင်လို့ခေါ်ခဲ့သေးတာပဲလေ"

"အဲ့တာက.."

"အဲ့တာက ငါ့ကိုချွေးသိမ့်နေမှန်းသိတယ် စိတ်ချပါ မင်းမကြားချင်တာတွေကို ဒီကောင်က တစ်ခွန်းမဟမိအောင်နေပေးမယ်!!"

ရုတ်တရက်ပြန်လည်တိတ်ဆိတ်သွားသောအခန်း။ဒီphyshoကောင်ကဘာလား။ သူ့ဘာသာပြော သူ့ဘာသာကောက်ချက်တွေချပြီး ထင်ချင်ရာထင် ကောက်ချင်ရာကောက်သွားတာ။

ထိုင်နေတာ နာရီဝက်ခန်းရှိပြီ။ လူကလည်းအလုပ်မရှိတော့ပျင်းနေပြန်သည်။

Loading..Where stories live. Discover now