🦋 27 🦋

3.5K 417 8
                                    

"အရှင့်သား အကျွန်ုပ်ထံရောက်လာပါပြီလား။ ဆိုးကျိုးတွေဖြစ်ပေါ်ပြီး နိုင်ငံမပျက်သုန်းခင် အပါးတော်မြဲနဲ့အတူ ဒဏ္ဍာရီလာသတ္တဝါကြီးကို နှိမ်နင်းလှည့်ပါ"

ဂူအတွင်းပေမို့ ပဲ့တင်သံများကထပ်နေ၍ ​လေးဘက်လေးတန်မှ လာ​နေသယောင်ယောင်နှင့် အသံလာရာကို အိုင်းဆက်မှန်းဆမရ။

"အရှင့်သား ကျွန်တော်မျိုးတို့ ပြန်ရအောင်လေ"

"Kingsley ဒီအသံကိုနားထောင်လှည့်ပါ။ ဂူအတွင်းဘက်ကျကျဆီမှ ပျံ့လွင့်လာလေသလား"

"အသံ...ဘယ်အသံကို ပြောနေတာလဲ အရှင့်သား"

"ခေါ်သံ ငါ့ကိုခေါ်နေတဲ့အသံကို မကြားရော့ဘူးလား"

ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေရာမှ မိမိထံသို့ နားမလည်ဟန်ဖြင့် ပြန်ကြည့်နေသည့် Kingsley ဧ။်ပုံသဏ္ဍန်မှာ ထိုအသံကိုမကြားသည့်နှယ်။ ဤမျှလောက် ပဲ့တင်သံထပ်နေသောအသံကို မကြားရဟူ၍ပြောလာလေတော့ ထပ်မပြောတော့ပဲ လိပ်ပြာကြီးဧ။်ရောင်ဝါကို အသုံးချကာဂူအတွင်းဘက်ဆီသို့ ပြန်လှည့်ဝင်ခဲ့တော့သည်။

"အရှင့်သား ဘာလုပ်မလို့လဲ"

".........."

"ဆက်မဝင်ပါနဲ့တော့ အရမ်းမှောင်လွန်းတယ်"

ဟန့်တားနေသည့် Kingsley ဧ။်အသံကို နားမဝင်စွာဖြင့် လိုက်ဆွဲ​နေသည့်ကြားမှ တိုးဝင်ခဲ့ရာ အနည်းငယ်ပွင့်ဟေ​နေသည့် ကျောက်တံခါးချပ်တခုကိုတွေ့လိုက်ရပြီး ခေါ်သံကထိုအထဲမှ ထွက်လာနေခြင်း။ အတွင်းဘက်ဆီသို့ အားစိုက်ကြည့်ပါသော်လည်း အမှောင်ထုကသာ နက်ရှိုင်းလွန်းနေပြီး ဘာဆိုဘာမှမမြင်ရပေ။

"အရှင့်သား..."

"ရှူး.....ဘယ်လိုကြောင့် ခေါ်သံကိုမကြားရော့သလဲ Kingsley..."

"ကျွန်တော်မျိုး တကယ်ကို ဘာမှမကြားရဘူး။ အရှင့်သား ခရီးပန်းနေပြီး မမြင်အပ်၊မကြားအပ်တာတွေကို ကြားနေတာဖြစ်မယ်။ ဂူအတွင်းဘက်ကိုအရမ်းရောက်နေပြီး မှောင်လွန်းတယ်၊ ​လေထုလဲမကောင်းတာမို့ ပြန်ထွက်ကြရအောင်။ ကျွန်တော်မျိုးတို့ ​နောက်တစ်ခေါက်ပြန်လာကြည့်မယ်လေနော်"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now