🦋 30 🦋

3.9K 439 31
                                    

လေးကန်သောခြေလှမ်း၊ ငိုက်စိုက်ချထားသောဦးခေါင်းတို့နှင့် မိမိထံသို့ Kingsley လျှောက်လာခဲ့ပြီး မြင်းကိုယ်စီဖြင့်ထွက်ခဲ့ကြရာက တိုင်းပြည်ဧ။်ပြင်ပရောက်သည်အထိ စကားတစ်လုံးမှ ပြောမလာခဲ့ပေ။ ထို့ကြောင့်

"စိတ်ရှုပ်နေရော့သလား ။ လမ်းဆင်းလျှောက်ကြရော့မလား"

ခေါင်းသာအသာဆတ်ပြပြီး ဘာမှတော့မပြောလာ။ မြင်းပေါ်မှာဆင်းကာနှစ်ဦးသား ယှဉ်၍လမ်းလျှောက်နေခဲ့ကြသည်။ မွန်းတည့်ယံအချိန်ဖြစ်သည့်တိုင် နေလုံးကြီးကထွက်မနေခြင်းကြောင့် မပူသည့်အပြင် မှိုင်းညို့ညို့တောအုပ်ဆီ အသွားတစ်လျှောက် လေအေးအေးလေးများကဝေ့ဝိုက်တိုက်ခတ်လို့နေသည်။ ခေတ္တအကြာတွင်တော့...

"အရှင့်သား ကြားသိခဲ့ပြီးပြီလား"

"Lord ပြောပြတယ် ။ အဲ့ဒါအတွက်မှိုင်တွေနေရော့သလား"

"အရှင့်သားဘယ်လိုလုပ်မလဲ"

"မင်းကို မေတ္တာသက်ဝင်မိလို့ ဒီလိုမျိုးဖြစ်ပျက်ရတယ်ဆိုရင်လဲ ငါကျေနပ်စွာခံယူရော့မယ်လို့ ပြောခဲ့ဖူးရော့တယ်လေ Kingsley ။ ရက်ပေါင်း၃၀လောက်ပါပဲ တိုင်းပြည်ကိုကာကွယ်ဖို့ရာ Elroy ကိုအပြတ်ချေမှုန်းပြီးရင် ငါ အ​ဆောင်အ​ယောင်​တွေကို အကုန်စွန့်လွှတ်​ရော့မယ်။ ပြီးရင်​တော့ မင်းနဲ့ငါ မိုခီတာကနေအပြီးထွက်ပြီး တောအုပ်လေးထဲနေလှည့်ကြမယ် "

"တိုင်းသူပြည်သားတွေက အရှင့်သားအပေါ် မုန်းတီးကြကုန်တော့မယ်"

"မုန်းတီးပစ်ပယ်ခြင်းခံရမယ်ဆိုရင်တောင် ငါနောင်တအလျဉ်းမရှိရော့ဘူး။ မိုခီတာရဲ့အိမ်ရှေ့စံတစ်ပါးအနေနဲ့  တိုင်းပြည်ကိုကာကွယ်ဖို့ရာတော့ နောက်ဆုံးအဖြစ် လုပ်ပေးခဲ့ရပေဦးမယ်။ ငါမြတ်နိုးတဲ့တိုင်းပြည်၊ ငါချစ်ခင်ရတဲ့တိုင်းသူပြည်သား ရဲမက်​တွေ၊ ငါ့ရဲ့မယ်တော်၊ခမည်းတော်တို့ကို အေးချမ်းလုံခြုံစွာနေနိုင်မယ့် တိုင်းပြည်တစ်ခုအဖြစ်လုပ်ပေးနိုင်ပြီးရင် ကျန်ရှိနေမယ့် ငါ့ဘဝသက်တမ်းမှာတော့ ငါ့မေတ္တာသက်ဝင်တန်ဖိုးထားရတဲ့ မင်းနဲ့ဖြတ်ကျော်တော့မှာမို့
ဘယ်သူဘာပြောပြော မျက်ကွယ်ပြုလိုက်ပါ  ရက်ပေါင်း၃၀လေးပါပဲ"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now