《2》

2.1K 77 0
                                    

ဦးသိန်းတန်တို့ဝိုင်းထဲကိုလူမိုက်စတိုင်နဲ့စံမောင်ဝင်လာခဲ့လိုက်သည်
မနက်ကသူ့အသည်းကိုဖမ်းစားသွားတဲ့တရားခံလေးရှိရာကိုအရောက်လာတာလေ

ရေနွေးကြမ်းသောက်ကာစကားစမြည်ပြောနေသည့်ဦးသိန်းတန်တို့လင်မယားမှာ
မိမိတို့ခြံဝိုင်းထဲဝင်လာတဲ့စံမောင့်ကိုမြင်တော့
ဆတ်ကနဲထရပ်လိုက်သည်

"စံမောင် ငါ့ဝိုင်းထဲဘာလို့ရောက်လာတာလဲ"

စံမောင် ဖတ်ကြမ်းလိပ်အားဟန်ပါပါဖွာရင်းဆေးလိပ်ငွေ့တွေကို
ဦးသိန်းတန်တို့ဘက်မှုတ်ထုတ်လိုက်သည်
ပြီးမှ

"ကျုပ်လာတာကိုမကြိုဆိုဘူးလား" ဟုခပ်မာမာလေသံနှင့်မေးလိုက်သည်

"မဟုတ်...မဟုတ်ပါဘူးကွာ "

ပြသနာမဖြစ်သင့်သူမို့ဦးသိန်းတန်မျက်နှာချိုးသွေးလိုက်သည်
စံမောင်ကတော့အဖိုးကြီးမျက်နှာကိုဂရုမစိုက်နေတော့ပဲ
သစ်သားကွတ်ပျစ်မှာဝင်ထိုင်ကာ အိမ်ထဲသို့မျက်လုံးကစားလိုက်သည်
သို့သော်သူမြင်ချင်သည့်လူရဲ့အရိပ်ကလေးတောင်မတွေ့ရပေ

"ဦးသိန်းထင်..ခင်ဗျားတို့အိမ်ဧည့်သည်ရောက်တယ်ဆို..."

"ဟုတ်ပါတယ်..."

"အခုသူဘယ်သွားလဲ...."

"ရွာဦးစေတီကိုသားနဲ့အတူသွားနေတယ်..."

"အို ...ဒါဆိုလည်းကျုပ်ရွာဦး​စေတီကိုသွားတာပေါ့...."

စံမောင်ထအရပ်မှာ သူ့အသည်းအသက်လေးကရယ်မောမောဖြင့်ဝိုင်းထဲဝင်လာလေသည်
အုတ်ကျိုးရောင်ရှပ်ကလေးနဲ့ ပုဆိုးကွက်စိပ်လေးဝတ်ထားသည့်
သူ့အသည်းအသက်လေးကမြင်သူတကာငေးလောက်သည်

မျက်လုံးဝိုင်းဝိုင်း မျက်တောင်ကော့ကော့ကြီးတွေကရယ်လိုက်သည့်အခါ
လခြမ်းကွေးသဏ္ဍာန်ကွေးညွှတ်သွားလေသည်
ထိုပုံရိပ်ကလေးကိုက စံမောင်အသည်နှလုံးကိုအပိုင်ဖမ်းစားသွားသည်

တစ်ချိန်းတည်းမှာဘဲဒီလူဟာမိမိအပိုင်ပါဟုတွေးမိသွားပြီး
အရှေ့သို့သွားကာလက်အားဆတ်ကနဲ့ဖမ်းဆွဲလိုက်သည်

"ဟင်...."

ရုတ်တရက်လက်ဆွဲခံလိုက်ရလို့ထင်သည် သူ့အသည်းအသက်လေးကအလန့်တကြားဖြစ်သွားတယ်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now