《13》

1.4K 46 0
                                    

ညကပင်ပန်းသွားလို့ထင်သည်
အပိုင်မှာမ​နိုးသေး...
စံမောင်ကလည်းအခုမနှိုးသေးဘဲလုပ်စရာရှိတာတွေအရင်လုပ်ဖို့ဆုံးဖြတ်မိတယ်

ရေခပ် ကိုယ်လက်သန့်ရှင်းလုပ် မနက်စာပြင်ဆင်ပြီးမှ
အခန်းထဲပြန်ဝင်လာကာအိပ်ပျော်နေသူရဲ့ပါးကိုခပ်ဖွဖွနမ်းလိုက်သည်

"မောင့်ရဲ့အိပ်ပုတ်လေးရေ ထတော့လေ"

"ဟင့်အင်း..ထချင်သေးဘူး အိပ်ချင်တယ်"

မျက်လုံးမဖွင့်ဘဲရှုံ့မဲ့ကာပြောလာသည့်အပိုင်မျက်နှာတစ်ပြင်လုံးကို
အနမ်းမိုးတွေရွာချလိုက်သည်
ထိုအခါမှငုတ်တုတ်ထထိုင်ကာ ဘောက်ဆတ်ဆတ်ဖြင့်
"တဏှာရူးကောင် ညကမင်းကြောင့်ပင်ပန်းထားတဲ့လူကိုလာနှိပ်စက်နေတယ်" ဟုကလေးဆန်ဆန်စကားဆိုလေသည်

တစ်ခါမှမမြင်ဖူးသည့်အပိုင်ရဲ့ကလေးဆန်ပုံလေးကြောင့် အသဲယားစွာပါးနှစ်ဖက်အားဆွဲညှစ်လိုက်သည်

"မောင်မကောင်းတာပါ ပိုင့်ကိုပင်ပန်းအောင်လုပ်မိတယ် မောင်ကလူဆိုးကြီး"

"ဟမ့် ! သိရင်လည်းပြီးရော "

"ဟားဟားကလေးဆိုကြီးကျနေတာဘဲ"

"မင်းငါ့ကိုလှောင်တယ်ပေါ့လေ"

"မလှောင်ဝံ့ပါဘူးဗျာ
ကဲအခုတော့ထပြီးကိုယ်လက်သန့်စင်လိုက်ဦး ရေခပ်ထားပြီးပြီ
မနက်စာလည်းပြင်ထားပြီးပြီ"

"အင်း  ...."
အပိုင်ပျင်းရိပျင်းတွဲဖြင့်ထပြီး တဘက်တစ်ထည်ပုခုံးပေါ်တင်ကာအောက်ထပ်သို့ဆင်းခဲ့တော့သည်
ကျန်ရစ်ခဲ့တဲ့စံမောင်ကတော့အိပ်ယာကိုသေသပ်အောင်ခေါက်သိမ်းလိုက်သည်
အခုလိုဝေယျာဝေစ္စေတွလုပ်ပေးရလို့သူ့မှာငြိုငြင်ခြင်းမရှိဘူး
ပျော်တောင်ပျော်နေသေးတယ် အပိုင်နဲ့သူတစ်သားတည်းဖြစ်သွားပြီဆိုတဲ့အတွေးနဲ့လေ

__________
မနက်စာစာချိန် ....

စားပွဲပေါ်မှာပဲပြုတ်ကိုကြက်သွန်စိမ်းနဲ့သုပ်ထားတာလေးရယ်ထမင်းပူပူလေးရယ်ကနေရာယူထားလေတယ်

"ဒါတွေမင်းပြင်ဆင်ထားတာလား"

"မောင်ပြင်ထားတာဆိုလည်းဟုတ်တယ် ဒါပေမဲ့မဟုတ်လည်းမဟုတ်ပြန်ဘူး"

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now