《19》

1.3K 42 0
                                    

"ငါတို့ခွဲနေကြရအောင်စံမောင်!"

အချေအတင်ဖြစ်နေကြသည့်ဦးစံခိုတို့လင်မယားမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်
စံမောင်ဟာလည်းမယုံကြည့်နိုင်စွာဖြင့်အပိုင့်အားကြည့်ရင်း
"မင်းဘာပြောလိုက်တာလဲပိုင်" ဟုပြန်မေးလိုက်သည်

"ခွဲနေကြရအောင်"

"ဟ! မောင်အဲ့ကောင့်ကိုထိုးမိတာနဲ့ပဲမောင့်ကိုလမ်းခွဲမယ်ပေါ့
မင်းအဲ့ကောင်မေ့မရသေးဘူးမလား"

"ထင်ရာကိုဇွတ်မတွေးနေနဲ့စံမောင်
ငါသာသူ့ကိုမေ့မရသေးရင်မင်းကငါ့အိမ်ထောင်ဖက်ဖြစ်လာမှာမဟုတ်ဘူး
ဒီလိုဆုံးဖြတ်အောင်ငါ့ကိုတွန်းအားပေးတာမင်းဘဲ
ငါမင်းကိုစရိုက်ဆန်တာအမုန်းဆုံးဖြစ်ကြောင်းထပ်ကာထပ်ကာပြောခဲ့တယ်
မင်းကလည်းမတည်နိုင်တဲ့ကတိတွေကိုထပ်ကာထပ်ကာပေးခဲ့တယ် တော်သင့်ပြီမထင်ဘူးလား  "

"မဟုတ်ဘူး ဒီလိုဖြစ်အောင်မောင့်ဘက်ကစခဲ့တာမဟုတ်ဘူး သူ့ဘက်ကစခဲ့လို့...."

"ငါသိတယ် ဒါကြောင့်ငါမင်းကိုသူနဲ့ထိပ်တိုက်မတွေ့အောင်ရှောင်ဖို့သတိပေးခဲ့တာ
မင်းသာနားထောင်ခဲ့ရင်ဒီလိုပြသနာဖြစ်မှာမဟုတ်ဘူး"

"မောင်တောင်းပန်ပါတယ်အခွင့်အရေးထပ်ပြီး...."

"လုံလောက်သွားပြီမို့ ထပ်ပြောစရာအကြောင်းမရှိတော့ဘူး
မင်းရဲ့အကျင့်ဆိုးတွေကိုမပြင်နိုင်သရွေ့မပက်သက်ကြရအောင်"

"သားပိုင်ရယ်...အရီးသားကိုတစ်ခါတော့ခွင့်လွှတ်ပေးလိုက်ပါ..."

ဒေါ်မယ်တင့်မှာမနေနိုင်မထိုင်နိုင်သားဘက်မှဝင်ပြောတော့သည်

"ကျွန်တော်သူ့ကိုအခွင့်အရေးပေးထားတာပါအရီး
ဒီတစ်ခါမှမပြင်ရင်ဘယ်တော့မှထပ်တွေ့ကြမှာမဟုတ်တော့ဘူး..."

"မဟုတ်...အရီးပြောချင်တာက.."

"ကျွန်တော်သိပါတယ် ဒါပေမဲ့ကျွန်တော့်ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဘူး
သွားခွင့်ပြုပါဦး..."

အပိုင် စိတ်ပျော့သွားမှာဆိုလို့ စံမောင့်ကိုတစ်ချက်မှလှည့်မကြည့်ဘဲထွက်ခဲ့တော့သည်
တစ်ခါခွင့်လွှတ်ပေးမိရင် နောက်ထပ်အခါပေါင်းများစွာထပ်လုပ်လိမ့်မည်
အခုကတည်းကမှတ်လောက်သားလောက်ဖြစ်အောင် ဒဏ်ပေးထားမှတော်ကာကျမည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now