《5》

1.7K 71 0
                                    

ဘုန်းကြီးကျောင်းကအပြန်မှာ
အပိုင်ကစံမောင့်ကိုထပ်မံသြဝါဒခြွေပြန်သည်

ချစ်ရသူပြောတာမို့စံမောင်မှာနားညည်းတယ်မထင်မှတ်နိုင်ဘဲတပြုံးပြုံးနဲ့
နားထောင်နေမိသည်
မွေးကတည်းကဆိုးသွမ်းလာသည့်သူ့မှာလည်းအချစ်နဲ့တွေ့မှ လူလိမ္မာလေးကိုဖြစ်လို့

တစ်ယောက်ကဆူပူရင်တစ်ယောက်ကခေါင်းတစ်ငြိမ့်ငြိမ့်နဲ့နာခံသည်
အတိုင်အဖောက်ညီညီနဲ့နှစ်ယောက်ကိုကြည့်ပြီးသိန်းထင်ခမ်းလှမ်းလှမ်းမှသာလိုက်လာခဲ့သည်

လမ်းလျှောက်နေရင်းအပိုင်တို့ရှေ့ကိုလူသုံးယောက်ကပိတ်ရပ်လိုက်သည်
ထန်းရည်နံ့ဟောင်းဟောင်းထွက်နေတာမို့ ထန်းတောကပြန်လာပုံရသည်

စံမောင်သူတို့ရှေ့ပိတ်ရပ်နေတဲ့တင်အောင်တို့အုပ်စုကြောင့်မျက်နှာတည်တင်သွားသည်
"မင်းတို့ဘာလုပ်တာလဲ..."

"လူရမ်းကားကောင်ကိုဆွဲဆောင်နိုင်တယ်ဆိုတဲ့အလှလေးကိုလာကြည့်တာ"

အပိုင့်ရဲ့ကိုယ်လေးကိုတဏှာအကြည့်တွေနဲ့ စုန်ချည်ဆန်ချည်ကြည့်လိုက်တဲ့
တင်အောင်တို့အုပ်စုကြောင့်စံမောင်ဒေါသတို့ထိန်းမရတော့ဘဲ
တင်အောင့်ကိုလက်သီးဖြင့်ထိုးချလိုက်တော့သည်

ဒီကောင်တွေကလွန်ခဲ့တဲ့တစ်ပတ်ကဖဲဝိုင်းမှာသူ့ကိုရှုံးလို့မကျေမနပ်ဖြစ်နေတာ
ဒါကြောင့်သက်သက်မဲ့သူ့ကိုရန်စတာ..

တင်အောင်ထိတော့သူ့နောက်လိုက် တင်မြင့်နဲ့ငထွေးကစံမောင်ကိုပြန်ထိုးသည်
သို့သော် စံမောင်ကရန်ဖြစ်တာကိုကျွမ်းကျင်နေသည့်အပြင်
တင်အောင်တို့ကမူးနေတာကြောင့်ခနအတွင်းအမှောက်သိပ်လိုက်နိုင်သည်

ပြီးတာနဲ့ လန့်ထိတ်သည့်ဟန်ဖြင့်ဘေးထွက်ရပ်နေသော
အပိုင်လန့်ကလေးကိုဆွဲကာတင်အောင်တို့ကိုကျောခိုင်းလိုက်သည်

"အရမ်းလန့်သွားလာပိုင်..."

"အင်း"

"မောင်တောင်ပန်းပါတယ် "

သူတို့စကားပြောနေတုံးမှာတင်အောင်က ကုန်းရုန်းထလာပြီး
"သွားသေလိုက်တော့" ဟုအော်ကာ ဓါးမြှောင်ဖြင့်ပြေးထိုးတော့သည်
စံမောင်မျက်လုံးတွေပြာဝေသွားကာ အပိုင့်ကိုရင်ခွင်ထဲဆွဲထည့်ပြီးခပ်တင်းတင်းဖက်လိုက်သည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now