အပိုင်း(၁)

6K 275 3
                                    

ရှောင်ကျန့် သက်ပျင်းလေးတစ်ချက်ချရင်း သူ့နာထင်လေးကိုဖိလိုက်သည်။

"ဒါတွေအကုန်လုံး သူပြန်လုပ်ရရင် သူရူးသွားလိမ့်မည်"

ပေါင်ပေါင်းအတွက် ညစာပြင်ပေးဖို့ရယ် အိမ်အတွက် လိုအပ်တဲ့ အသုံး အ ဆောင်တစ်ချို့ဝယ်ဖို့ရယ် သူစောစောပြန်ရမှ ဖြစ်မည်။

ရှောင်ကျန့် ဒုဥက္ကထ ဝမ်ရိပေါ်ရဲ့ အခန်းကို တချက်ငဲ့ကြည့်လိုက်သည်။

ဖြစ်နိုင်ရင် သူဒုဥက္ကထဆိုသူနဲ့ ဝေးရာမှာပဲ သူနေလိုက်ချင်မိသည်။

အရင်က တွဲခဲ့ဘူးတဲ့ သူတစ်ယောက်ကို ကုမ္ပနီတစ်ခုထဲမှာ နေ့တိုင်းမြင်တွေ့နေရမှာ သူ့အတွက်တော့ တကယ်အဆင်ပြေမ​နေဘူး။

"ဟဲ့...အဲ့တစ်ယောက်က အပြစ်ပေးခံရတာလား "

"ဒုဥက္ကထက အခန်းထဲမှာ ခေါ်ဆူတယ်လို့တော့ ငါကြားတာပဲ"

"စိတ်ပျက်စရာ.. ဒီနေရာထိတက်လာပီးမှ ကန်ချခံရမယ်ထင်တယ်"

ရှောင်ကျန့် သူ့ရှေ့မှာ ပေါ်တင်ပဲပြောသွားသည့် ထိုဝန်ထမ်းမိန်းကလေးနှစ်ကြောင့် အံကြိတ်ထားမိသည်။

ဒီနေရာမှာ သူ့ကိုဆွဲချချင်နေတဲ့ သူတွေ တပုံကြီးပင်။အထူးသဖြင့် ကောယွီအယ်ရဲ့ လက် အောက်ခံဖြစ်ချင်သည့် ထိုဝန်ထမ်းမိန်း ကလေးတွေက ပိုဆိုးသည်။

ကောယွီအယ်ရဲ့ လက်ထောက်ဆိုသည့် ဒီရာထူးကို သူလက်ခံမိတော့ သူနားနဲ့မဆံ့အောင်လို့ ဝေဖန်မှုအချို့ကိုလည်းခံခဲ့ရသည်။

"သူက ကောယွီအယ်ကို ဘာတွေနဲ့ဖြားယောင်းလဲမှမသိတာ"

"ဘယ်သိနိုင်မလဲ သူကထိုးကျွေးရင်လည်း ကျွေးခဲ့မှာပေါ့"

"ကောယွီအယ်က တကယ်ပဲ ယောကျာ်းလေးကိုကြိုက်တာလား"

"အင်းလေ အဲ့တာကြောင့် သူအဆင်သင့် ဖြေစားနိုင်မဲ့ ကောင်လေးတစ်ယောက်ကို ရွေးခဲ့တာပေါ့"

"ဟဲ့...လက်ထောက်အသစ်လေးက ချောလိုက်တာနော်"

"သွားမျှော်မနေပါနဲ့ဟယ် သူတို့က ကုတင်ပေါ်တောင် ရောက်ပြီးနေလောက်ပြီ"

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now