"ဒေါက်တာ မီးမီးဗိုက်ထဲက အောင့်
အောင့်နေလို့ ""ဒေါက်တာ့ကို ပြစမ်းပါဦး"
ကျန်းချန် သူ့ဆေးခန်းကိုလာပြ
သည့် ကလေးမလေးရဲ့ ဝမ်းဗိုက်အား နှိပ်နယ်
ကာစစ်ဆေးနေလိုက်၏။ကလေးမလေးက အစာချေဖျက်မှု အားနည်းနေတာပင်။"နောက်တစ်ခါ အစားကိုညက်အောင်
ဝါးစားနော် မီးမီး အဲ့တာမှ မီးမီးဗိုက် ထပ်မ
အောင့်တော့မှာ ""ဟုတ်ကဲ့ ဒေါက်တာ "
ကျန်းချန်မှာ ထိုကလေးမလေးအား
စမ်းသပ်စစ်ဆေးကာ ကုသပြီးသည်နှင့် သူ့နားက နားကြပ်လေးအားဖြုတ်ကာ ပုခုံးပေါ်သို့ပြောင်းကာ ချိတ်လိုက်ပါ၏။"နောက်လူနာ ဝင်ခဲ့ပါ"
ဖွင့်ထားသည့် ဆေးပေးခန်းကလည်း
သေးသေးပဲမို့ အကူနပ်စ်မခေါ်မနေတော့ပဲ ကိုယ်
တိုင်သာ စာရေး ကိုယ်တိုင်သာ ဒေါက်တာဖြစ်နေပါ၏။"ကြွပါ "
လူနာအထဲသို့ မရောက်သေးခင်ပဲ သူ
ခရီးဦးကြိုပြုလိုက်ပါ၏။ထို့နောက် ပေါ်ထွက်လာသည့်ရင်းနှီးသော မျက်နှာတစ်ခုကို သူမြင်လိုက်ရခါမှ ကျန်းချန်ပါးစပ်အဟောင်းသားပင်ဖြစ်သွားပါ၏။"ရှောင်ကျန့် ! "
"ချန်ကော "
ဆေးပေးခန်းထဲကို ရောက်လာသည့် လူနာဟာ ရှောင်ကျန့်ပင်။ကျန်းချန် မှာရှောင်ကျန့်အား ကြည့်ကာ တအံ့တသြနှင့်ခေါ်လိုက်မိသလို ရှောင်ကျန့်မှာလည်း သူ့ခေါင်းလေးအားငုံ့ကာ မဝံ့မရဲမျက်လုံးတို့နဲ့သာခေါ်လိုက်ပါ၏။
သွေးမရှိကာ ဖြူဆုပ်နေသော နှုတ်ခမ်းတစ်စုံ
နဲ့ ငိုထားလို့ မို့အစ်နေသော မျက်လုံးတစ်စုံ တို့အားကျန်းချန်အတိုင်းသားနဲ့မြင်လိုက်ရသည်မို့ သူ့ရှေ့၌ ယိုင်လဲကျတော့မည့်သူကို ကျန်းချန်ပြေးကာဖေးမလိုက်ရပါ၏။"ရှောင်ကျန့် ! ! "
"အင့် !ချန်ကော "
ရှောင်ကျန့်မှာ သူကိုထွေးပွေ့ပေးသည့် တစ်စုံတစ်ယောက်စီကိုရောက်သည်နှင့် သူကျောပြင်တစ်ခုလုံး စတင်ကာတုန်လှုပ်လာပါ၏