အပိုင်း(၂၀)

3.8K 191 7
                                    


နှစ်လခန့် ကြာသည့်အခါ . . .

"လူနာ ဝမ်ရိပေါ် "

"ဆေးရုံပေါ်က ဆင်းလို့ရပါပြီ"

Ukရဲ့ အထူးကုတာဒေါက်တာကြီး မစ္စတာ ရောဟန်၏ စမ်းသပ်မှုတို့ပြီးသည့်
နောက်မှာ ဝမ်ရိပေါ်ဟာ လူကောင်းပကတိ
ဖြစ်သွားခဲ့လေပြီ။

တစ်ကယ့်အမှန်မှာက သူကUKကို အလုပ်ကိစ္စနဲ့လာတာမဟုတ်ပဲ သူ့ကိုယ်ရေး
ကိုယ်တာ ကိစ္စနဲ့လာခြင်းပင်။UK၌ သူ့လုပ်
မည့် အစီအစဥ်အား အဖိုးဖြစ်သူ ဝမ်အန်း
ပေါ်နဲ့လည်းတိုင်ပင်ပြီးသားမို့ ဒီညတွင်းချင်း
ပဲ တရုတ်ကိုပြန်လာမည်ဖြစ်ကြောင်း သူ့အဖိုး
အား သူဖုန်းဆက်ပြောလိုက်ပါ၏။

"မင်း အပြင်ထွက်ချင်လို့လား ရှောင်ယန်"

"ဘာလို့လဲ ...ခင်ဗျားလိုက်ပို့မလို့လား!"

ရှောင်ယန် ခုံတန်းလေးပေါ်မှီထိုင်လို့
သူ့လက်ကလေးအားနှစ်ဖက်ပိုက်ကာ မေးလိုက်ပါ၏။

အားဝေ ခေါင်းလေးတစ်ချက်ခါ၍ စား
ပွဲပေါ် မှာရှိနေတဲ့ သူ့ရဲ့စာအုပ်ကလေးတွေကို ကောက်ခါထည့်လိုက်ပါ၏။

"ဟင့်အင်း...ယန်! အားဝေ
အဲ့လိုလုပ်လို့ မရတာ မင်းလည်းသိရက်နဲ့ ...."

အားဝေ သူ့လွယ်အိတ်ကလေး
အား လွယ်လို့ ရှောင်ယန်ကို စိတ်မကောင်းသည့် မျက်လုံးလေးများနဲ့ကြည့်လိုက်ပါ၏။

"အားဝေရဲ့ မိသားစုလေး ဘုံပျောက်သွားမှာကို အားဝေမလိုလားလို့ပါ "

အားဝေထိုသို့ပြောလျှက် အခန်းထဲမှ ထွက်လာဖို့ကို ပြင်လိုက်ပါ၏။

သို့သော် ရှောင်ယန်မှာ အားဝေလက်အား ဆွဲလို့ ကုတင်ပေါ်ကိုပြန်ကာ ပြစ်တင်လိုက် ပါ၏။

"ဒါဆို ကျွန်တော်ကိုတော့ ဒီမှာပျင်းပြီး သေသေ ပေါ့! !"

"ဟုတ်လား ကျန်းအားဝေ! !"

ပုံရက်သားကျနေသည့် အားဝေပေါ်ကို တက်ခွလို့ ရှောင်ယန် သူပြောချင်တာတွေကို အံကြိတ်လို့ပြောလိုက်ပါ၏။

အားဝေ ရုတ်တရက် အခိုက်အတန့်မို့ရှောင်ယန်၏ ရင်ဘတ်အားတွန်းမိပါ၏။ ရင်အုံ ခပ်ကျယ်ကျယ်လေးအား စမ်းမိတယ်ဆိုရင်ဖြင့် အားဝေသူ့ခေါင်းလေးအား ခါးယမ်းလို့ တွန်းတင်လိုက်သည်။တစ်ကယ်ပါ။တစ်နေ့တစ်ခြား ဒီကလေးသန်မာလာလိုက်တာဆိုတာ။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now