"ခွမ်း ! "
"ငါမစားဘူး ! ငါ့သားနဲ့ပေးမတွေ့ရင် ငါဘာမှ မစားနိုင်ဘူး ဝမ်ရိပေါ် "
ရှောင်ကျန့် သူ့ကိုလာတိုက်တဲ့ဆန်ပြုတ်ပန်ကန်အား ကြမ်းပြင်ပေါ်သို့မှောက်ပြစ်ရင်းနဲ့ပြောလိုက်ပါ၏။
ဝမ်ရိပေါ် အံတစ်ချိတ်ကြိတ်လျှက်
ဖြူရော်ရော်မျက်နှာတစ်ခုအား ဆွဲကာမော့လိုက်၏။"ငါ ကောင်းကောင်းမွန်မွန်ဆက်ဆံလိုက်တာနဲ့ မင်းကိုမင်းဟုတ်လှပြီထင်မနေနဲ့ ရှောင်ကျန့်! လိုက်ခဲ့ ဘာစောက်ကြောင်းနဲ့မှလည်း မင်းဆန် ပြုတ် သောက်မနေနဲ့တော့ !"
ဝမ်ရိပေါ် ရှောင်ကျန့်လက်အား စောင့်ဆွဲကာ ကုတင်ပေါ်မှဆွဲကာခေါ်လိုက်သည်။ဒီနေ့ ကုမ္ပဏီမှာ အစည်းအဝေးကြီးသည်။အစက ဆေး ရုံအုပ်ရှောင်းနဲ့ သူချိန်းထားပေမဲ့ ကုမ္ပဏီမှာအ ရေးကြီးကိစ္စရှိနေလို့ သူကိုယ်တိုင်က မအားတော့တာ တစ်ကြောင်းနဲ့ ဆေးရုံအုပ်ရှောင်းကိုယ်တိုင်လည်း ကိုယ်တိုင်ကြည့်ရှုမှ ရမည့်အရေးကြီးလူနာရှိနေသည်ဆိုတာက တစ်ကြောင်းမို့ ချိန်းရက်ကို
နောက်အပတ် စနေနေ့ကိုသူတို့တွေပြောင်းလိုက်ကြသည်။အခု ကုမ္ပဏီမှာ အရေးကြီးတဲ့ အစည်းအဝေးရှိနေတာမလို့ ဝမ်ရိပေါ် ရှောင်ကျန့်
လက်အား ဆွဲကာ ကုမ္ပဏီသို့ခေါ်လာခဲ့လိုက်သည်။"လွှတ် ! ငါ့ဘာသာ ငါဝင်မယ် "
ကားပေါ်မှ ဆင်းဆင်းခြင်း သူ့လက်ကို
လာဆွဲသူအား ရှောင်ကျန့် တွန်းကာလွှတ်လိုက်ပါ ၏။သူ့ပုံစံမှာအိမ်နေရင်းတီရှပ် ဂျင်းနက်တစ်ထည်နှင့်လွပ်လပ် ပေါ့ပါးနေလောက် သူ့နံဘေးက ဆိုက်
ပြည့် ဂိုက်ပြည့်နဲ့ သူဌေးကတော့ ဟိတ်ဟန်အပြည့်နဲ့ပါပင်။ရှောင်ကျန့် သူ့ရှေ့ကထွက်သွားသည့် ကျောပြင် ကျယ်အား ဘုကြည့် ကြည့်မိသည်နှင့် မူးဝေလာသော သူ့ခေါင်းအား ဖိကာကိုင်လိုက်မိပါ၏။သူ့ဗိုက်ထဲမှာ ဆာဆာလောင်လောင်နဲ့ တစ်ကယ်အဆင်မပြေ။သူနှစ်ရောက်လောက်ဖျား
ခဲ့ရတာဆိုတော့ တစ်ကိုယ်လုံးနုန်ုးချည့်နေပြီး
သူ့ခန္တာကိုယ်တစ်ခုလုံး ပင်ပန်းကာနွမ်းလျနေ
သည်။ဖြစ်နိုင်ရင် သူအိပ်ယာထဲမှာပဲ ခွေခေါက်
ကာနေချင်ပေမဲ့ ကိုယ့်စိတ်နဲ့ကိုယ့်ကို မဟုတ်တော့ မိမိကိုအတင်းဆွဲကာခေါ်လာသူ နောက်သို့လိုက်ခဲ့ရပါ၏။