အပိုင်း(၂၃ )

3.5K 180 3
                                    

  
          ဝမ်ရိပေါ်အား King Wangရဲ့ CEOအဖြစ်
ခန့်အပ်သည့် ဤပွဲ။

           ကုမ္ပဏိရဲ့ ပထမ သူဌေးဟောင်း ဝမ်အန်းပေါ်မှ သူUkသို့ မပြန်ခင်နောက်ဆုံးနေ့၌ မြေးဖြစ်သူဝမ်ရိပေါ်အား တရုတ်မှာရှိသည့် စီးပွားရေးအားလုံး
ကို အကုန်လွဲပြောင်းလို့ အပ်ပေးခဲ့ပါ၏။

                ဒါကြောင့် ပွဲခင်းထဲ၌ King Wangရဲ့
ဝန်ထမ်းတွေ အပါအဝင် ​၊ပြိုင်ဘက် ကုမ္ပဏီနဲ့ King Wangရဲ့  ရှယ်ယာဝင် ကုမ္ပကြီးတွေပါCEOအသစ် လွဲအပ်ပွဲသို့ ရောက်နေကြပါ၏။

                    ထိုပွဲသို့ တက်ရောက်သူတွေထဲမှာ ဝန်ထမ်းတစ်ဖြစ်လည်း ရှောင်ကျန့်ပါရှိလို့နေခဲ့
၏။ဒီညမှာတော့ ရှောင်ကျန့်က သူဝတ်နေကြ တီရှပ်ပွ၊အပေါ်ထပ်နဲ့ဂျင်းနက်တစ်ထည်ကိုသာ ပေါ့ပေါ့ပါပါးနဲ့ ဝတ်ဆင်လာခဲ့ပြီး လေးလထဲမှာမို့ ခပ်ရေးရေးဆူလာပြီဖြစ်တဲ့ သူ့ဗိုက်ကို ဖုံးသည့်အနေနဲ့ သူဝတ်နေကြ တီရှပ်ကို ဆိုဒ်ကြီးရွေးလို့ဝတ်လာခဲ့ပါ၏။

                    ရှောင်ကျန့် ပွဲခင်းထဲ၌ လျှောက်ကြည့်လို့နေမိသည်။ဝမ် စံအိမ်မှာလုပ်တဲ့ ပွဲဆိုတဲ့အတိုင်း အခန်းအနားအပြင်အဆင်မှာ ကြီးကျယ် ခမ်းနားလွန်းနေပြီ ပွဲအတွင်းမှာလည်း အမျိုးသားအ မျိုးသမီးနဲ့ ကလေးတွေပါပါသည်မို့ CEOအသစ်
တက်ပွဲဆိုသည်ထက် ပျော်ပွဲရွှင်ပွဲတစ်ခုလို ဖြစ်နေ
သည်မှာ ပို၍မှန်ပါ၏။

                 ရှောင်ကျန့် လမ်းလျှောက်ရတာ
ပြင်းလာသည်မို့ စားပွဲတစ်ခုသို့ ဝင်၍ထိုင်နေလိုက်ပါ၏။လာတုန်းကတော့ သားဖြစ်သူကို
ခေါ်လာခဲ့သည်မလို့ အတူတူဆိုပေမဲ့ ပွဲထဲရောက်
တာနဲ့ မိမိအနားကနေပျောက်သွားသည့် သား
ဖြစ်သူကြောင့် ရှောင်ကျန့် သူတစ်ယောက်ထဲ
ပျင်းပျင်းနဲ့သာထိုင်နေလိုက်မိပါ၏။

                 "ဖြောင်း ဖြောင်း ဖြောင်း "

                  သူထိုင်နေစဥ်အတွင်းပဲ ပွဲခင်းထဲရှိ
လူတို့က မတ်တပ်ထလို့ လက်ခုပ်တီးလာကြသည်မို့ ရှောင်ကျန့်လည်း ထိုသူတွေနဲ့ရောယောင်လို့ ထလိုက်မိပါ၏။

                  ပွဲခင်းထဲသို့ All Black ဝတ်စုံနဲ့ ပွဲတက်လာသူမှာ ခမ်းနားကြီးကျယ်နေသလို နံဘေးတွင်
လက်မောင်းချိတ်လို့ပါလာသူမှာလည်း မင်းသမီး
တစ်ပါးလို ခမ်းနားကြီးကျယ်စွာပြင်ဆင်ထားပါ ၏။ပြောရရင် ထိုနှစ်ယောက်မှာ  လိုက်ဖက်လွန်း
နေပြီး အများကလည်း လိုက်ဖက်သည်ဟုချီးမွန်း
ထောပနာပြုခြင်းကို ရနေလေ၏။သို့ပေမဲ့လည်း
အားလုံးထဲမှာ လက်ခုပ်မတီး မလှုပ်မယှက်နဲ့ ရပ်
နေသူကတော့ ရှောင်ကျန့်ပါပင်။

လူကြီးလေး❤️(လူႀကီးေလး💙)Nơi câu chuyện tồn tại. Hãy khám phá bây giờ