Episode 4[Unicode/Zawgyi]

1.1K 58 2
                                    

Unicode

"သား ကျောင်းတက်ရတာ အဆင်ပြေတယ်မလား"

"ပြေပါတယ်"

စကားပြောဖို့ အစရှာနေသော်လည်း တုံးတိကြီး ဖြတ်လိုက်သည့် သားဖြစ်သူကြောင့် ဦးခေတ်မင်းသစ် စကားရှာမရတော့။ သူကိုယ်တိုင်ကလည်း စကားပြောရာတွင် နှောင့်နှေးမှုရှိသည်ကလည်း ပါသည်။ သူ့သားကလည်း စကားကို အပိုအလို သိပ်မပြော။ အမေးတစ်ခွန်း အဖြေတစ်ခွန်းပင်။ မနက်စာထမင်းစားဝိုင်းကြီးကလည်း ခြောက်သထက် ခြောက်ကပ်လာသည်။

"သား သူငယ်ချင်းတွေကော ရပြီလား"

ဦးခေတ်မင်းသစ် ပါးစပ်ထဲရှိရာ လျှောက်မေးလိုက်သည်။ သူ မေးလိုက်ပြီးမှ သူ့ကိုယ်သူ နောင်တရသွားသည်။ သူ့သားသည် လူမှုဆက်ဆံရေးတွင် အနည်းငယ် နှေးကွေးမှုရှိပြီး ပုံစံကလည်း အနည်းငယ် ထူးဆန်းသည်။ ဆံပင်တစ်ဝက်လောက်က မျက်နှာတွင် အုပ်ကျနေသည်။ ဖအေဖြစ်သည့်သူပင် သူ့သားမျက်နှာ သူမမှတ်မိတော့။ သို့သော် ထိုကဲ့သို့သော သူ့သားထံမှ သူသည် ပြန်ဖြေသံကို ကြားလိုက်ရသည်။ အဖြေကလည်း အံဩစရာပင်။

"သား သူငယ်ချင်း သုံးယောက်ရခဲ့တယ် ရောင်မင်းခန့်ရယ် မိုးဦးကြွေရယ် စိုင်းစက္ကဆိုင်းရယ် အရမ်းကြီးတော့ မခင်သေးပေမဲ့လည်း နည်းနည်းတော့ အဆင်ပြေလာပါပြီ"

ဦးခေတ်မင်းသစ် ကြားလိုက်ရသည့်အဖြေကြောင့် ပျော်လွန်း၍ သူ့သားမရှိလျှင် ထတောင်ကမိနိုင်သည်။ ဤအရာသည် မည်မျှပင် သေးငယ်သည်ဟု ဆိုထားဦး။ ကြီးမားသော တိုးတက်မှုပင်။ သူ့သားသည် ငယ်စဉ်ကတည်းက သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ဖူးပေ။ ဖခင်တစ်ယောက်အနေနှင့် ထိုသို့သော် အခြေအနေက သူ့ကို စိတ်ပူစေသည်။ ယခုတွင် သူ့သားတွင် သူငယ်ချင်းအချို့ ရှိလာသည်ဆိုမှတော့ မည်သို့ မပျော်ဘဲနေမည်နည်း။

"ထမင်းချိုင့် အာ.. ဟုတ်သားပဲ ဖေဖေ အခုထမင်းချိုင့် ထည့်မယ်ဆို မှီသေးလားဟင်"

"မှီ..မှီတာပေါ့"

သူ ထမင်းချိုင့်ထည့်ပေးမည်ကိုပင် ငြင်းခဲ့သော သူ့သားက ထိုသို့ပြောလာသည်ကြောင့် သူ စကားများပင် ထစ်ကုန်သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now