Unicode
လှိုင်းခတ်သံ ခြံတံခါးရှေ့ရောက်တော့ ထီးတစ်ချောင်းနှင့် စိုင်းစက္ကဆိုင်းကို ချက်ချင်းတွေ့လိုက်သည်။ သူ အစက သိပ်မယုံသော်လည်း လူအရှင်လတ်လတ်ကြီး ရောက်လာမှတော့ မယုံစရာအကြောင်းမရှိတော့။ သူ ရောက်လာသည်နှင့် စိုင်းက ကယ်တင်ရှင်ကို မြင်လိုက်ရသလိုပင်။ သူလည်း ခြံတံခါးကို သူ့လက်သူ့ခြေနဲ့ပဲ ချက်ခပ်မြန်မြန် ဖွင့်လိုက်သည်။ ခြံစောင့်ဦးလေးကြီးကလည်း သူ၏သခင်လေးကိုယ်တိုင်က တံခါးဖွင့်နေသောကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပေ။
ခြံထဲကို စိုင်းဝင်ပြီးသည်နှင့် သူခြံတံခါးကို ပြန်ပိတ်လိုက်သည်။ စိုင်းကတော့ သူ့ဘေးနားကို အရမ်းကပ်နေသလိုပင်။ ထီးနှစ်ခုက တိုက်နေသည့်အတွက် နီးနီးကပ်၍ မရလို့လားတော့မသိ။ ထီးကို ချက်ချင်းပိတ်ပြီး လှိုင်းခတ်သံနှင့်အတူ ထီးကို ပေါင်းပြီးဆောင်းလေသည်။
အိမ်တံခါးနားရောက်လာလို့ သူထီးပိတ်လိုက်တော့မှသာ စိုင်းက သူ့အနားက ခွာသွားကာ ခပ်တိုးတိုးပြောလာလေသည်။
"အဲ့ဦးလေးက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်နော်"
သူ စိုင်းစကားကြောင့် အနည်းငယ် ပြုံးမိသွားသည်။
"မင်း ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ဒီနေ့အပြင်သွားမလို့ဆို"
"ဆယ့်တစ်နာရီခွဲလောက် အိမ်ပြန်ရောက်တယ်လေ..ပျင်းလို့ အိမ်က ခဏထွက်လာတာ"
"အိမ်ကိုကော ပြောလာခဲ့လား"
"ကိစ္စမရှိပါဘူး ဖုန်းပါတယ်လေ ဖုန်းဆက်လိုက်လို့ရတယ်"
"အင်းပါ အပြန်ကျရင် ပြန်လိုက်ပို့ပေးမယ်လေ အခု အိမ်ထဲဝင်တော့ ဘောင်းဘီတွေလည်း စိုရွှဲနေတာပဲ"
"ဘာမှမဖြစ်ဘူး သူ့ဟာသူပြန်ခြောက်သွားလိမ့်မယ်"
"ဘာကို ဘာမှမဖြစ်တာလဲ အအေးမိသွားမှာပေါ့ ကျစ်.. တကယ်ပါပဲ မိုးရေကြီးထဲကို ထွက်လာရသလား"
ဆူပူသလိုပြောလာသည့် လှိုင်းခတ်သံကြောင့် စိုင်း အနည်းငယ် စိတ်ဆိုးသွားသည်။ အပင်ပန်းခံပြီးလည်း လာရသေးသည်။ အပြောလည်း ခံရသည်။
YOU ARE READING
ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]
RandomStart Date 2.9.2023 End Date 6.4.2024 ဘဝမှာ ကံကြမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယုံကြည်လာတာမို့လို့ ကံကြမ္မာကို ယုံကြည်မှုပျောက်အောင် မလုပ်ဖို့ တောင်းဆိုပါတယ် လှိုင်းခတ်သံ ဘဝမွာ ကံြကမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယွုံကည်လာတာမို့လို့ ကွံကမ်မာကို ယွုံ...