Episode 33

512 33 1
                                    

"Grandpa, he's my best friend. Sai Sacca Hsaing,I adore him and he must be my lover in not far away future."
(အဘိုး သူက ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်း စိုင်းစက္ကဆိုင်းပဲ.. ကျွန်တော် သူ့ကို သဘောကျတယ် မဝေးလှတဲ့ အနာဂတ်မှာတော့ သူက ကျွန်တော့်ရဲ့ ချစ်သူဖြစ်လာလိမ့်မယ်)

"His type looks like kind and peace. Not bad."
(သူ့ပုံကြည့်ရတာ သ‌ဘောကောင်းပြီး အေးဆေးမဲ့ပုံပါပဲ.. မဆိုးပါဘူး)

စိုင်းစက္ကဆိုင်းကသာ ဘာမှနားမလည်၍ ဟိုကြည့်ဒီကြည့် ကြည့်နေသော်လည်း နားလည်နေသည့် မိုးဦးကြွေကတော့ ဘာစကားမှ မပြောနိုင်တော့ပေ။ သူမ မျက်ခုံးများပင် လှုပ်ခတ်လာသည်ကို ခံစားနိုင်သည်။

လှိုင်းခတ်သံ၏အဘိုးဖြစ်သူကလည်း မကြည်ဖြူပုံပင်မပြ။
'ဘာတွေ ဖြစ်နေကြတာလဲဟ'

သူမ တွေးနေတုန်းမှာပင် လှိုင်းခတ်သံ၏ အဘိုးဖြစ်သူက စိုင်းစက္ကဆိုင်းကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ထုတ်ပေးလာလေသည်။

"Hello, Mr.Sai.Oh .. Would you mind if I called  you Mr.Sai?"
(ဟယ်လို မစ္စတာစိုင်း အို.. ငါမင်းကို မစ္စတာစိုင်းလို့ ခေါ်ရင် စိတ်မရှိဘူး မဟုတ်လား)

စိုင်းမှာ လှိုင်းခတ်သံကို မတတ်နိုင်စွာ သွားကြည့်မိလိုက်သည်။ လှိုင်းခတ်သံမှာတော့ 'yes' ဆိုသည့်စကားလုံးကို ပါးစပ်လှုပ်ပြလာတာကြောင့်

"Yes"

"Oh, you are so kind."
(မင်း  အတော်သဘောကောင်းတာပဲ)

"ဆောရီး မိုင် အင်္ဂလိပ်စကေးအစ်စ် ဗဲရီးဘတ်"
မိုးဦးကြွေမှာတော့ စိုင်း၏ အင်္ဂလိပ်အသံကြောင့် ရယ်ချင်တာ ဖြတ်ဖြတ်ကိုလူးနေသော်လည်း လှိုင်းခတ်သံ‌အကြည့်ကြောင့် ရယ်ချင်စိတ်ကို အတင်းထိန်းနေရသည်။

"Sorry, I didn't get your point."(ငါ မင်းပြောတာ နားမလည်ဘူး)

"အိုင် ဒုန့်အန်ဒါစတန်း"

"You mean that you don't understand what I talk."( ငါ ဘာပြောလဲ မင်းနားမလည်ဘူးလို့ မင်းပြောချင်တာလား)

စိုင်းမှာတော့ ဘာပြန်ဖြေရမှန်း မသိတာကြောင့် စိတ်ပင်ညစ်လာရသည်။ လှိုင်းခတ်သံမှာတော့ အရိပ်အခြေကို သတိထားမိတာကြောင့်
"Grandpa. Stop! He can't speak English well. You can tell me and I translate him"
(တော်တော့် အဖိုး.. သူက အင်္ဂလိပ်စာ သိပ်မကျွမ်းဘူး အဖိုးကျွန်တော့်ကို ပြောလိုက်.. ကျွန်တော် ဘာသာပြန်ပေးမယ်)

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now