Episode 11 [Unicode/Zawgyi]

776 37 2
                                    

Unicode

"အဖြေပြန်ရပြီကွ ငါ တကယ်ကို မယုံနိုင်ဘူးကွာ သူ ငါ့ကို တကယ်ကြီး အဖြေပြန်ပေးတာကွ"

"မင်း အဲ့ဒါကို ပြောနေတာ အခါတစ်ထောင်လောက်ရှိတော့မယ်နော် တစ်ခန်းလုံးလည်း သိနေပါပြီကွာ မင်း ပါးစပ်ကို ပိတ်လိုက်ပါတော့လို့"

စိုင်း တကယ်ကို သည်းမခံနိုင်တော့။ ရောင်မင်းခန့် ထိုစကားကို ပြောနေသည်မှာ ဘယ်နှခေါက်ရှိပြီမှန်း မသိတော့။ နံပါတ်သုံးချိန်က အင်္ဂလိပ်ဆရာမက ကျောင်းမလာ၍ လွတ်လပ်ရေးရနေခြင်းပေ။ ထို့ကြောင့် ရောင်‌မင်းခန့်က သူ အဖြေရသည့်ကိစ္စကို အော်ကြီးဟစ်ကျယ် ပြော‌‌နေခြင်းပင်။ လှိုင်းခတ်သံကတော့ မကြားသည့်အလား ဂရုပင်မစိုက်။

ရောင်မင်းခန့်ကတော့ ထမင်းစားကျောင်းဆင်းချိန်တွင်လည်း ထိုအကြောင်းကို ပြောသည်။ မိုးဦးကြွေ နားမထောင်နိုင်တော့လို့ ထရိုက်မှသာ ပါးစပ်ပိတ်သွားလေသည်။ သို့သော် မိုးဦးကြွေလည်း ထွက်သွားရော ဆက်ပြောတော့သည်။

"ငါ အိမ်မက်မက်နေသလိုတောင် ခံစားနေရတယ်ကွာ လုံးဝမယုံနိုင်ဘူးကွာ"

ထိုစကားကို ကျောင်းဆင်းတော့လည်း ပြောသည်။ အပြန်လမ်းတွင်လည်း ဆက်ပြောသည်။ လမ်းကွဲသွားတော့မှပင် ‌နားအေးသွားတော့သည်။

သူ သက်ပြင်းချလိုက်ရင်း သူ့ဘေးရှိ လှိုင်းခတ်သံကို ကြည့်ကာ မေးလိုက်သည်။

"အဖြေပြန်ပေးတာနဲ့ အဲ့လောက်ပျော်စရာလိုလို့လား"

"မပြောတတ်ဘူးလေ"
သူ့ကို ပုခုံးတွန့်ကာ ဖြေလာသော လှိုင်းခတ်သံကို သူ မသင်္ကာကြည့် ကြည့်လိုက်ရင်း မေးလိုက်သည်။

"ကိုကြီးမှာကော ကြိုက်နေတဲ့သူ ရှိလား"

"...."

"ရှိတာလား ဘယ်သူလဲ ပြောပြလို့"

လှိုင်းခတ်သံ သူ့ရှေ့ရှိလူကို တစ်ချက်ကြည့်လိုက်ပြီး အရှေ့ကိုသာ ဆက်လျှောက်သွားလိုက်သည်။ စိုင်းလည်း အနောက်ကနေ မြန်မြန်လိုက်သွားရင်း ဆက်တိုက်သာ မေးနေလိုက်သည်။

"ပြောပြပါဆို..... ပြောပြပါလို့"

သူ ဆက်တိုက်မေးနေတာကြောင့် လှိုင်းခတ်သံက လမ်းလျှောက်နေသည်ကို ရပ်လိုက်သည်။ စိုင်းလည်း လှိုင်းခတ်သံ ရပ်လိုက်တာကြောင့် ရပ်ပြီး မေးလိုက်သည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now