1

6.2K 296 2
                                    

Zawgyi

"၀မ်မိသားစုက ရိုမန့်တစ်ဆန်တဲ့ ကောင်လေးက နောက်ဆုံးတော့ သေသွားခဲ့ပြီ!ဟားဟားဟား!"

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က
အော်ဟစ်လိုက်ပြီးနောက် လူအုပ်ကြီးက ဇိမ်ခံအိမ်ကြီးတစ်ဝိုက်သို့ ပျော်ရွှင်နေတဲ့ မျက်နှာတြွေဖင့် စုရုံးလာကြလေသည်။

"အဲဒါကောင်းတယ်,ဒါမှ လူတိုင်းရဲ့ ချောမောတဲ့ကောင်လေးတွေကို ဘယ်သူမှ မလုယူတော့မှာ!"

"ဒါဆို ငါ့အိမ်က လုယူခံလိုက်ရတဲ့ မြောင်လန်က ထွက်လာနိုင်တော့မှာလား?"

"ငါ့ရဲ့ ရှောင်လန်ရော"

"ပြီးတော့ ငါ့ရဲ့ လီရှိုးချိုင်ရော"

....

ဘာတြွေဖစ်နေတာလဲ?သူ့ရဲ့ဂုဏ်သိက္ခာကို ပျက်စီးသွားအောင် လုပ်နေကြတာပဲ,သူက ထိုလူတွေကို အိမ်မှာနေဖို့ ဖိတ်ထားရုံလေးပါနော်,Okay?

ဘာတဲ့ မြောင်လန်,ရှောင်လန်,လီရှိုးချိုင် . . .သူ တစ်ယောက်ချင်းစီကို ယဉ်ကျေးစွာသာ ဆက်ဆံခဲ့ပြီး ဒီမှာနေဖို့ဖိအားလဲ မပေးခဲ့ဖူးသလို ညှဉ်းလဲ မညှဉ်းဆဲခဲ့ဖူးပေ။ပြီးတော့ မဖော်ပြနိုင်လောက်တာတွေလဲ ဘာမှ မဖြစ်ပွားထားပေ။ဘယ်လိုလုပ်ပြီး သူက ဒီလူတွေပြောသလို လူမျိုးဖြစ်သွားရတာလဲ ? ?

ဝမ်ကျင်း မျက်လုံးဖွင့်နိုင်အောင် ရုန်းကန်နေရင်း သူတို့ရဲ့စကားတွေကို ပြင်ဆင်ဖို့အတွက် ပါးစပ်ဆယ်ခုလောက် ချက်ချင်း ဖွင့်ချင်လာ၏။

ဒါပေမယ့် သူ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ သူ့ရှေ့က မည်းမှောင်နေတာအား တွေ့လိုက်ရပြီး ဘေးပတ်ပတ်လည်မှာလဲ လူတစ်ယောက်မှ ရှိမနေပေ။သူ့နားထဲမှာ ဆူညံနေခဲ့တဲ့အသံတွေက အခုတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ပတ်ဝန်းကျင်က အတော်လေး တိတ်ဆိတ်နေလေသည်။

သူ နည်းနည်းလေး လှုပ်ရှားကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်က ချက်ချင်း စူးစူးရှရှ နာကျင်လာတာကြောင့် နှာမှုတ်လိုက်မိကာ သူ့ခေါင်းအားလှည့်ပြီး မျက်မှောင်ကြုပ်ရင်း ပတ်ပတ်လည်အား ကြည့်ရှုလိုက်၏။

ဒါက စုတ်ချာနေတဲ့ ရွှံ့အိမ်တစ်လုံးဖြစ်ပြီး နေရာတိုင်းက မီးခိုးရောင်သန်းနေတာကြောင့် အလွန်အမင်း မှောင်မဲနေလေသည်။သူ့ရှေ့တည့်တည့်မှာ ပြတင်းပေါက် တစ်ခုရှိပြီး ထိုပြတင်းပေါက်အား တိရိစ္ဆာန်အရေခွံတွေနဲ့ ကာရံထားတာကြောင့် အလင်းရောင် ထိုးဖောက်မ၀င်လာနိုင်ခြင်းပင်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now