20

1.2K 170 4
                                    

20

   ယွမ်ဟန် စပျစ်နွယ်ပင်များနဲ့ ရိုးရိုးရှင်းရှင်းပင် ခြင်းတောင်းယက်နေလိုက်၏။အိမ်ထဲမှ ထိုအသီးတွေအား မြေကြီးပေါ် ထားထားဖို့ဖြစ်သည်။

   ၀မ်ကျင်း ဘေးကနေ စိုက်ကြည့်နေရင်းကနေ ဖြည်းဖြည်းချင်း အနားတိုးကပ်သွားလိုက်၏။

   ယွမ်ဟန် စပျစ်နွယ်ပင်တွေကို လက်နဲ့ လိမ်လိုက်တော့ ကြမ်းတမ်းထူထဲတဲ့ နွယ်ပင်တွေက သိပ်မကြာခင်မှာဘဲ မြက်ခြင်းတောင်း ဖြစ်သွားလေသည်။မြက်ခြင်းတောင်းက သူ့အရင်ဘ၀တုန်းက မြင်ဖူးတဲ့ ၀ါးခြင်းတောင်းလောက် မတင်းကြပ်ပေမယ့် ပစ္စည်းတွေကို ထည့်ထားဖို့တော့ လုံလောက်လေသည်။

   ၀ါးခြင်းတောင်းကို တွေးမိတော့မှ ၀မ်ကျင်းတစ်ယောက် ဒီကမ္ဘာမှာ တူလိုမျိုး အသုံးအဆောင်ပစ္စည်းတွေ မရှိသေးတာအား သတိရသွား၏။

   တစ်ကယ်တော့ သစ်သားက ကိရိယာအတော်များများကို ပြုလုပ်လို့ရလေသည်။

   ၀မ်ကျင်း လက်ဆန့်တန်းကာ ထိုလူအား အသာအယာ လှမ်းဆွဲလိုက်၏။ထိုလူ လှည့်ကြည့်လာတော့မှ ၀မ်ကျင်း စေးကပ်ကပ်အသံဖြင့် မေးလိုက်သည်:"မင်း လက်သမား လုပ်တတ်လား?"

   "လက်သမား?"နောက်ထပ် စကားလုံးအသစ်ပဲ။

   ယွမ်ဟန် လက်ထဲမှပစ္စည်းကို ချထားလိုက်ပြီး ၀မ်ကျင်းဆက်ပြောလာမှာကို စောင့်နေလိုက်သည်။

   ၀မ်ကျင်း:"အဲ့ဒါက သစ်သားနဲ့ အသုံးအဆောင်အမျိုးမျိုး  လုပ်တာလေ,ပန်းကန်တွေ၊တူတွေ၊ဗီရိုတွေ၊ကုတင်တွေလိုမျိုးပေါ့"

   သစ်သားနဲ့ ကုတင်တွေ၊ပန်းကန်တွေလုပ်လို့ရတယ်?

   ယွမ်ဟန် ပါးစပ်လိုက်ပြီး:"ပထမဆုံး ကြားဖူးတာပဲ"

   ၀မ်ကျင်း ထိုစကားကြားလိုက်ရတော့ အမူအရာက အံ့သြမသွားခဲ့ပေ။ဒီလူရဲ့ အိမ်ထဲမှာ သစ်သားနဲ့လုပ်ထားတဲ့ ပစ္စည်းတွေ တစ်ခုမှမရှိဘဲ အများအားဖြင့် အားလုံးက ကျောက်တုံးနဲ့လုပ်ထားတဲ့ ပစ္စည်းတွေသာ ဖြစ်လေသည်။တစ်ခါတစ်ရံ ကြွေထည်ပစ္စည်းတွေ ရှိတာ တွေ့ရပေမယ့်လဲ အခန်းတွေ အိမ်တွေအကုန်လုံးက ကျောက်တုံးတွေ ရွှံ့တွေနဲ့ စုပုံတည်ဆောက်ထားတာ ဖြစ်၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now