37
အ၀တ်အစားတွေ လဲပြီးနောက်မှာတော့ မုကောအာက သူ့ကိုဆွဲပြီး အပြင်ခေါ်ထုတ်သွားလေသည်။အပြင်ဘက်မှ စားပွဲပေါ်မှာတော့ ဖုံးအုပ်ထားတဲ့ စားစရာတစ်ပန်းကန်ရှိနေပြီး မုကောအာက သူ့ကို အရင်ဆုံး နည်းနည်းစားခိုင်းလာ၏။
ထိုလူက အပြင်ကို အရင်ဆုံး ထွက်သွားနှင့်ပြီဖြစ်သည်။Orcကမ္ဘာကြီးမှာ လက်ထပ်မယ့်Orcက သူ့ရဲ့အဖေအမေတွေနဲ့အတူ သူလက်ထပ်မယ့် ကောအာရဲ့အိမ်ကို သွားကာ ထိုကောအာအား ကြိုဆိုရတဲ့ ဓလေ့ရှိလေသည်။ထိုလူမှာ အဖေနဲ့အမေ မရှိတော့တာကြောင့် မျိုးနွယ်စုထဲမှ ဂုဏ်သိက္ခာရှိတဲ့ လူအိုကြီးနဲ့ အရင်ဆုံး ဆွေးနွေးထားပြီး ထိုသူက သူတို့ရဲ့ မိဘတွေအဖြစ် အစားထိုး လုပ်ဆောင်ပေးသွားမှာ ဖြစ်၏။
အခု ဒီအချိန်လောက်ဆို ထိုလူက လူအိုကြီးအိမ်ဆီသို့ ရောက်နေလောက်ပြီ ဖြစ်သည်။သူ့ရဲ့အခြေအနေက ထူးခြားပြီး အိမ်မရှိတာကြောင့် ဒီလူရဲ့အိမ်မှာသာ အမြဲတမ်း နေနေရတာဖြစ်လေသည်။ဒါကြောင့် ဒီမှာနေရင်း ထိုလူ အရင်ဆုံး သူ့ကို လာကြိုမှာကို စောင့်နေရမှာဖြစ်၏။
သူ့ကို လာကြိုပြီးတဲ့နောက်မှာ သူတို့တွေ မျိုးနွယ်စုထဲက အိမ်တိုင်းကို တစ်အိမ်ပြီးတစ်အိမ် တံခါးခေါက်ပြီး သူတို့တွေက လက်ထပ်ပြီးသွားကြပြီဖြစ်ကြောင်း ပြောရမှာဖြစ်သည် . . . .
၀မ်ကျင်း ထိုအကြောင်း စဥ်းစားနေရင်း စိတ်ထဲမှာ ယုန်တစ်ကောင် ပြေး၀င်လာပြီး သူ့နှလုံးသားရဲ့ အထွတ်အထိပ်ဆီကို ပုံမှန်မဟုတ်စွာ ထိမှန်လာသလိုမျိုး ခံစားလိုက်ရ၏။
သူ့ရှေ့မှာတော့ သူ သောက်ရတာအကြိုက်ဆုံး အသားစွပ်ပြုတ်ရှိနေပြီး အသားများများထည့်ထားကာ ထိုအသားတွေ အရည်ပျော်သွားတဲ့အထိ ကျိုချက်ထားတာကြောင့် ထူထဲပျစ်နှစ်နေလေသည်။
ပုံမှန်ဆို သူ ဒီလိုအသားစွပ်ပြုတ်သာဆို တစ်ပန်းကန်အပြည့် သောက်နိုင်၏။ဒါပေမယ့် သူ ဒီနေ့ သောက်ချင်စိတ်မရှိနေပေ။သူ ထိုလူကိုသာ စဥ်းစားနေမိပြီး ဒီနေ့ သူတို့တွေအတူတူ လက်ထပ်ကြတော့မှာကို တွေးလိုက်မိတာနဲ့ စိတ်ကကျေနပ်နေတာကြောင့် သူ့ဗိုက်က အလိုလို ပြည့်နေလေသည် . . . .
YOU ARE READING
အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်း
RomanceAuthor-水金木 (Shui jinmu) Title-重生之疯哥儿 Cover photo is not mine Chinese BL Myanmar translation End - 178