11

1.2K 169 3
                                    

11

   Orcသုံးယာက်လုံး မိမိတို့ရဲ့ကောအာတွေ ဘာပြောလာမလဲ မျှော်လင့်ပြီး ကြည့်လိုက်ကြ၏။ဒါပေမယ့် ကောအာတွေရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေရထားတာ မြင်လိုက်ရတာကြောင့် သုံးယာက်လုံး မိမိတို့ရဲ့ ကောအာတွေဆီ ချက်ချင်း လျှောက်သွားလိုက်ကြသည်။

   ပြီးနောက် မိမိတို့ရဲ့ ကောအာတွေအားတကယ်ပဲ ဘာတွေဖြစ်နေတာလဲ ဆိုတာကို အသံတိုးတိုးဖြင့် မေးမြန်းလိုက်ကြ၏။

   ကောအာသုံးယာက်လုံး စကားတစ်ခွန်းမှမပြောကြဘဲ နှုတ်ဆိတ်နေကြလေသည်။နောက်ဆုံးကျမှ ကျွီကောအာတစ်ယောက် မေးခွန်းတွေကြောင့် စိတ်ရှုပ်လာပြီး စကားတစ်ခွန်းအား တီးတိုးပြောလိုက်၏:"ငါတို့နဲ့ . . . . နဲ့ . . . . ကျင်းကောအာရယ် မုကောအာရယ် ပြဿနာနည်းနည်း ဖြစ်ထားတာ . . . . မရည်ရွယ်ပါဘူး"

   မရည်ရွယ်ဘူး?

   ယွမ်ဟန် ရယ်မောလိုက်ပြီး အဆုံးမှာတော့ ဘာနှစ်သိမ့်ခွင့်မှ မပေးတော့ဘဲ သားရဲအသွင်ကို တိုက်ရိုက်ပြောင်းလိုက်ကာ ထိုorcသုံးယောက်အား ရုတ်တရက် တိုက်ခိုက်လိုက်တော့၏။

   ဒါက သည်းထိပ်ရင်ဖိုစရာ လုံး၀မရှိတဲ့ တိုက်ပွဲတစ်ခု ဖြစ်သည်။

   တစ်ယောက်ချင်းစီ မပြောနဲ့ ,တစ်ယောက်နဲ့ သုံးယောက်တိုက်ခိုက်ကြရင်တောင်မှ ထိုသုံးယောက်က ယွမ်ဟန်ရဲ့ ပြိုင်ဘက် လုံး၀မဟုတ်ကြပေ။

   ၀မ်ကျင်းတစ်ယောက် ယွမ်ဟန်က ကျားဖြူပုံစံပြောင်းသွားပြီး ထိုorcသုံးယောက်ကလဲ အဝါရောင်အစင်းကြောင်းတွေနဲ့ ကျားတွေအဖြစ် ပုံစံပြောင်းသွားတာအား ကြည့်ရင်း အစပိုင်းမှာ အနည်းငယ်ကြောက်ရွံ့သွားခဲ့၏။ခြံ၀င်းထဲမှာ ရုတ်တရက် ကျားလေးကောင် ဖြစ်သွားပြီး ထိုသားရဲတွေက အသွေးအသားနဲ့ စဥ်းစားတွေးခေါ်တတ်တဲ့ လူတွေမှန်း သူ ရှင်းရှင်းလင်းလင်းကြီး သိနေပေမယ့်လဲ ခေါင်းထဲမှာ တစစ်စစ်နဲ့ စပ်ဖျဥ်းဖျဥ်း ခံစားနေရဆဲပင်။

   သူ့အမြင်မှာတော့ ကျားတွေဆိုတာက လူတွေကို စားနိုင်တယ်လေ။

   ဒါပေမယ့် နောက်ပိုင်းမှာတော့ ယွမ်ဟန်က ထိုorcသုံးယောက်အား သားရဲပုံစံကနေ လူပုံစံ၊ နောက်တော့ လူပုံစံကနေ သားရဲပုံစံ ပြန်ပြောင်းသွားတဲ့အထိ သွေးတွေနဲ့ဖုံးလွှမ်းသွားအောင် ရိုက်နှက်နေတာအား သူ မြင်လိုက်ရ၏။ထို့နောက် မူလခန္ဓာကိုယ်ပိုင်ရှင်ကို အနိုင်ကျင့်ခဲ့ကြတဲ့ ကောအာသုံးယောက်ကို သူ ကြည့်လိုက်တော့ မျက်နှာတွေ ဖြူဖျော့နေကြပြီး မြေပြင်ပေါ်မှာ ထော့နဲ့ထော့နဲ့ဖြင့် ဖြစ်နေကြတာအား မြင်လိုက်ရလေသည်။သူတို့ထဲမှ တစ်ယောက်က ယွမ်ဟန်အား ရပ်တန့်ပေးဖို့ တောင်းဆိုနေပြီး မျက်နှာပေါ်မှာ မောက်မာတဲ့ အရိပ်အယောင်တွေ ရှာမတွေ့နိုင်တော့လောက်အောင် အသက်ချမ်းသာပေးဖို့ နှိမ့်ချမှုတွေနဲ့သာ ပြည့်နေလေသည်။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now