8

1.2K 163 4
                                    

8

    "ဟုတ်တယ်,မင်းနဲ့ ဘာဆိုင်လို့လဲ ! "နောက်က ကောတစ်ယောက်ကလဲ သံယောင်လိုက်ကာ ပြောလာ၏။

     နောက်တစ်ယောက်ကလဲ ရှေ့တက်လာကာ မုကောအာအား တစ်ချက် တွန်းလိုက်ပြီး:"စောင်းရွဲ့နေတဲ့ကောင်,အဝေးကို ထွက်သွားစမ်း"

     မုကောအာရဲ့ခြေထောက်က နဂိုကတည်းက အနည်းငယ် စောင်းနေတာကြောင့် ဒီလိုမျိုး ရုတ်တရက် အတွန်းခံလိုက်ရချိန်မှာ ဒယိမ်းဒယိုင်ဖြင့် လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

     ၀မ်ကျင်း မျက်မှောင်ကြုပ်သွားပြီး ကူညီပေးဖို့ ရှေ့ကိုတိုးလိုက်၏။

     မုကောအာ ၀မ်ကျင်းရှေ့မှာ ကမန်းကတန်း ရပ်လိုက်ပြီး:"မင်းတို့တွေ အရမ်းလွန်မလာနဲ့!"

     ထိုသုံးယောက်က မုကောအာနောက်မှ ၀မ်ကျင်းအား အထက်စီးဆန်ဆန် ကြည့်လိုက်ပြီး:"ငါတို့ လွန်လာတော့ရော ဘာဖြစ်လဲ?"

     " . . . "မုကောအာရဲ့မျက်နှာ နီမြန်းလာကာ နှုတ်ခမ်းတွေ တုန်ယင်လာပေမယ့် ပြန်ချေပစရာစကား ရှာမတွေ့တာကြောင့် ဒေါသထွက်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာ၏။

     ၀မ်ကျင်း လူအချို့ကို စတွေ့လိုက်ကတည်းက စိတ်ထဲမှာ အရင်တုန်းက မူလခန္ဓာကိုယ် ခံစားခဲ့ရတဲ့ လူမဆန်တဲ့ ညှဥ်းပန်းနှိပ်စက်မှုတွေအား တဖြည်းဖြည်း ပြန်မြင်လာခဲ့လေသည်။

     ထို လူမဆန်တဲ့ ညှဥ်းပန်းနှိပ်စက်မှုအချို့က မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အသိစိတ်လက်ကျန်အား နှိုးဆပေးလိုက်သလိုပင်။ထိုအရာက သူ့အပေါ် အသည်းအသန် လွှမ်းမိုးလာတာ​ကြောင့် သူ သူတို့အား ခွဲထုတ်ပစ်လိုက်သည်။

    ၀မ်ကျင်း ရုန်းကန်နေကြတာကို ထိန်းရင်း တဖြည်းဖြည်း မျက်လုံးတွေ နီရဲလာကာ အသက်ရှူသံတွေလဲ လေးလံလာခဲ့၏။

     ထိုသုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်တဲ့ ကျွီကောအာက ၀မ်ကျင်းရဲ့ပုံစံကို မြင်လိုက်ရတော့ အထင်အမြင်သေးသလို အေးစက်စက် နှာမှုတ်လိုက်ပြီး သရော်သလို တိုက်ခတ်ပြောဆိုလိုက်သည်:"ယို့,အရူးလေး,ဒါက လူတွေကို ထပ်ပြီး တိုက်ခိုက်ဖို့ စဥ်းစားနေတာလား?"

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now