17

1.1K 147 2
                                    

Happy New Year ပါ🥂

New yearမို့ ဒီနေ့နဲ့မနက်ဖြန်ထိ PGတွေ၀င်ပါက 1000စီလျှော့ပေးပါမယ်နော်☺️

17

   "ဒါပေါ့,အတော်လေးကို ကွာခြားတာ!"ရှောင်ရို့တစ်ယောက် အရူးလေးရဲ့  တက်ကြွတဲ့ မေးမြန်းသံကြောင့် အံ့အားသင့်သွားခဲ့ပေမယ့်လဲ စိတ်အားထက်သန်စွာဖြင့် ပြန်ဖြေလိုက်၏။

  "အစ်ကိုဟန်က ရှေးကျတဲ့ orcမျိုးနွယ်စုဖြစ်တဲ့ တောင်ပံနဲ့ကျားဖြူ မျိုးနွယ်စုကလေ,သူတို့မျိုးနွယ်စုက ကလေးမွေးဖို့ခက်တာကြောင့် အခုဆို လူအရေအတွက် အရမ်းနည်းလာပြီး တော်တော်လေးရှားလာနေပြီ,ကောအာတွေထက်တောင်မှ ပိုရှားပါးသေးတယ်,ပြီးတော့ ငါတို့တွေက တကယ်တော့ သာမာန် ကျားမျိုးရိုး တစ်ခုပါပဲ . . . . မင်းပြောကြည့် ကွာခြားချက်က အတော်လေး ကြီးတယ်မို့လား? ! "

   ပြောနေရင်းနဲ့ ရှောင်ရို့ ပြုံးလိုက်ပြီး တံတောင်ဆစ်နဲ့ လိုက်ယွမ်ကို တွန်းလိုက်ကာ:"ပြောကာမှ,ပထမဆုံးအကြိမ် အစ်ကိုဟန် ပေါ်လာတဲ့အချိန်တုန်းက ငါတို့အားလုံး ထိတ်လန့်သွားခဲ့ကြတယ်လေ,ငါ့တစ်သက်မှာ ရှေးကျတဲ့orcမျိုးနွယ်စုကို တွေ့နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဖူးဘူး"

   "ဟုတ်တယ်"လိုက်ယွမ်ကလဲ ပြန်တွန်းတိုက်လိုက်ပြီး  ရိုးသားတဲ့မျက်နှာမှာ လေးစားတဲ့အမူအရာ ပေါ်လာပြီး ပါးစပ်ဟလာကာ:"အဲ့ဒီတုန်းက ငါတို့မျိုးနွယ်စု သားရဲဒီရေနဲ့ ကြုံပြီး မျိုးနွယ်စုတစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေပြီလေ,ဒါပေမယ့် အစ်ကိုဟန်က အားလုံးကို လွတ်မြောက်အောင် ပို့ဆောင်ပေးခဲ့ပြီး ဒီနေရာမှာ လုံလုံခြုံခြုံနဲ့ အခြေချစေခဲ့တာ"

   မုကောအာ ထိုအချိန်တုန်းကအကြောင်းကို ပြန်တွေးရင်း ပြောလိုက်၏:"အားကျင်း,အခု ငါတို့တွေရဲ့ဘ၀က တည်ငြိမ်အေးချမ်းနေပြီ,မင်း မသိလို့,အရင်တုန်းက ငါတို့တွေက တောထဲမှာဘဲ နေကြရတာ,အိမ်ဆိုပြီး အတည်တကျ မရှိကြဘူး,အချိန်မရွေးအန္တရာယ် ရှိနေခဲ့တာ,အဲ့ဒီတစ်ခေါက် သားရဲဒီရေဖြစ်တော့ ငါတို့တွေက တောထဲမှာ အနားယူနေကြတာ,သားရဲဒီရေကို လုံး၀ မခံစားမိခဲ့ကြဘူး,သိတဲ့အချိန်ကျတော့ ထောင်ပေါင်းများစွာရှိတဲ့ သားရဲတွေက ငါတို့နေရာနဲ့ မီတာရာဂဏာန်းလောက်ပဲ ဝေးတော့တာ . . . "

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now