27

1.1K 175 7
                                    

27

    ၀မ်ကျင်း ပျားသကာလိုမျိုး ချိုမြိန်စွာ ပြုံးလိုက်၏။

    ထိုအရူးလေးရဲ့ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ဖြူစင်တဲ့အပြုံးတွေက လူကို ဖြားယောင်းနိုင်တဲ့ ချွန်ထက်တဲ့ လက်နက်တွေလိုမျိုး သူဆီ ဦးတည်လာလေသည်။

   ယွမ်ဟန်တစ်ယောက် အသက်ရှုရကြပ်လာပြီး မျက်လုံးတွေက နက်မှောင်လာ၏။ထို့နောက် သူ့ရဲ့လက်ဆယ်ချောင်းလုံးနဲ့ အရူးလေးရဲ့လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ လက်ဖမိုးအား သူ့ရဲ့လက်မနဲ့ အထပ်ထပ် အခါခါ ပွတ်သပ်နေလိုက်သည်။

   သူ့ရဲ့လက်တွေက ချွေးစေးတွေ ထွက်နေတာကြောင့် ဆုပ်ကိုင်ထားတဲ့ လက်တွေအား စေးကပ်ကပ် ဖြစ်နေစေလေသည်။ထို့ကြောင့် အခုအချိန်မှာ လေထုက ပူနွေးလာပြီးမရှင်းမရှင်း အခြေအနေ ဖြစ်လာသလိုပင်။

   ၀မ်ကျင်းရဲ့နှလုံးက တစ်ချက်ခုန်လှုပ်သွားခဲ့၏။ထိုလူက သူ့အပေါ်မှာ အဲ့ဒီလိုအတွေးမျိုးရှိနေတယ်ဆိုတာ သိလိုက်ရတာကြောင့် သူ ထိုလူရဲ့ အခြေအနေကို မတတ်နိုင်ဘဲ အမြဲဂရုစိုက်နေမိလေသည်။ထိုသို့ အာရုံစိုက်ကာ ကြည့်နေရင်းကနေ ထိုလူရဲ့အပြုအမူတွေက တကယ်တော့ ဘာမှဖုံးကွယ်ထားခြင်း မရှိတာအား သူ တွေ့ရှိလိုက်ရ၏။

   ယွမ်ဟန်ရဲ့ အရောင်ဖျော့ဖျော့ သူငယ်အိမ်တွေက အောက်ခြေမရှိသလိုမျိုး နက််နဲလာလေသည်။ထိုနက်မှောင်ကာ အောက်ခြေမဲ့နေတဲ့ ရေကန်နက်ကြီးလို မျက်လုံးတွေက အပေါ်ယံမှာ တည်ငြိမ်နေသလို ထင်ရပေမယ့် တကယ်တော့ ရေကန်နက်ကြီးရဲ့ အောက်ခြေမှ ရေတွေက တလိမ့်လိမ့်နဲ့ လှုပ်ရှားနေတာဖြစ်သည် . . . .

   ၀မ်ကျင်း သူ့ရဲ့လက်ဆစ်တွေကို အနည်းငယ်ကွေးလိုက်တာကြောင့် လက်က ထိုလူရဲ့ လက်ဖဝါးထဲကနေ အနည်းငယ် လွတ်ကျသွား၏။

    သူ့ရဲ့လက်ဖမိုးကို တယုတယ ပွတ်သပ်နေတဲ့ ထိုလူရဲ့လက်မက ရပ်တန့်သွားပြီး အနည်းငယ်တုန်ယင်သွားခဲ့လေသည်။ထိုကဲ့သို့ တုန်ယင်သွားမှုက ၀မ်ကျင်းရဲ့ငှက်မွှေးတွေလို မျက်တောင်တွေကိုပါ ညင်သာစွာ တုန်ယင်သွားစေပြီး နှလုံးကပါ ဒရမ်တီးနေသလိုမျိုး တဒုန်းဒုန်း ခုန်လာခဲ့၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now