35

908 143 3
                                    

35

   "မင်းဆိုတဲ့ ဒီကောအာကတော့,တကယ်ကို စိတ်ကစားလွယ်တာပဲ!"

   စိတ်ကစားတယ်?သူ ဘယ်မှာ စိတ်ကစားလို့လဲ?

   အရင်ဘ၀ကရော ဒီဘ၀မှာပါ ပေါင်းကြည့်လိုက်ရင်တောင်မှ သူ လူတစ်ယောက်အတွက်ပဲ စိတ်လှုပ်ရှားခဲ့ဖူးတာပါ . . . .

   ၀မ်ကျင်း မျက်မှောင်ကြုပ်လိုက်ပြီး ထိုလူအား မကျေမနပ်ဖြင့် ကြည့်လိုက်၏။

   ထိုလူရဲ့ နှုတ်ခမ်းတွေက မျဥ်းတစ်ကြောင်းထဲ ဖြစ်သွားခဲ့ပြီး အရောင်ဖျော့ဖျော့ သူငယ်အိမ်တွေထဲမှာ သူ့ပုံသဏ္ဍာန်က ထင်ထင်ရှားရှား ထင်ဟပ်နေလေသည်။ကြည့်ရတာ ထိုလူရဲ့မျက်လုံးတွေထဲမှာ သူပဲရှိနေသလိုမျိုးပင်။

   ၀မ်ကျင်းတစ်ယောက် မိမိရဲ့ခါးကို ပွေ့ဖက်ထားတဲ့ ထိုလူရဲ့လက်က ပိုတင်းကြပ်လာသလို ခံစားလိုက်ရတာကြောင့် နှလုံးက တစ်ချက်ခုန်လှုပ်သွားခဲ့၏။အစကတည်းက သူတို့နှစ်ယောက်ရဲ့ အကွာအဝေးက အတော်လေး နီးကပ်နေပြီးသားမို့ ၀မ်ကျင်း အခုချိန်မှာ သူ့ရဲ့ပါးလွှာတဲ့ အ၀တ်အစားတွေမှတဆင့် ထိုလူရဲ့ အပူချိန်ကိုပင် ခံစားမိနေပြီး ထိုလူရဲ့ အရေပြားနဲ့ ရင်းနှီးစွာ ထိစပ်နေလေသည်။

   ၀မ်ကျင်းရဲ့မျက်နှာ ပူနွေးလာပြီး အနည်းငယ် လေးနေတဲ့လျှာဖြင့် ပြောလိုက်သည်:"မင်း ဘာ . . . ဘာလို့ . . . ကပ် . . .ဒီလောက်ကပ်လာရတာလဲ!"

   " . . . "ခြံ၀င်းထဲမှာ ရှိနေသေးဆဲဖြစ်တဲ့ မုကောအာတစ်ယောက် သူတို့နှစ်ယောက်ရဲ့ ထိုကဲ့သို့နီးကပ်နေတဲ့ ပုံစံကို မြင်လိုက်ရတော့ မျက်နှာနီရဲလာပြီး ချောင်းအသာဟန့်လိုက်၏။

   ထိုအသံက ၀မ်ကျင်းအတွက်တော့ မြေပြင်ပေါ် မိုးကြိုးပစ်ချလာသလိုမျိုးပင်။၀မ်ကျင်း ထိတ်လန့်သွားပြီး မသိစိတ်ဖြင့် ထိုလူအား တွန်းထုတ်လိုက်မိ၏။နှမြောစရာကောင်းစွာပင် သူ့ရဲ့ခွန်အားနည်းနည်းလေးက ထိုလူကို လုံး၀မလှုပ်ခတ်နိုင်ခဲ့ပေ။

   ယွမ်ဟန်ရဲ့ အရောင်ဖျော့ဖျော့ သူငယ်အိမ်တွေက မကျေနပ်မှုအရိပ်အယောင်တွေ ဖြာထွက်လာပြီး အစက မနာလိုစိတ်က အတိုင်းအဆမရှိ ကြီးထွားလာလေသည်။ထို့နောက်မှာတော့ အချုပ်အခြာအာဏာကို ကြေငြာနေသလိုမျိုး ကြီးစိုးလိုမှုအပြည့် မျက်၀န်းတွေနဲ့ ကောအာအား မိမိရင်ခွင်ထဲ ပွေ့ဖက်လိုက်၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now