Chapter 1

29 3 0
                                    


( Uni )
  
   တံခါးခေါက်သံတစ်ခုကြားရသည်။ မနက်ခင်းရဲ့ရောင်စဉ်ကား မူမပြတ်ဟန်မပြတ်ရှိနေသေးသည်။ ပြတင်းပေါက်ကိုကျော်ကာ ၀င်လာသော နေရောင်ကား နွေဦး၏ ကုတင်ပေါ် စီးဆင်းနေလေသည်။ နွေဦးမျက်လုံးဖွင့်ကာ နာရီကို တစ်ချက်လှမ်းကြည့်သည်။ ကိုးနာရီတစ်ဆယ့်ငါး။ ဒီအချိန်လာတာ မည်သူဖြစ်မှန်း မတွေးမိ။ တံခါးခေါက်သံနှင့်အတူ ခေါ်သံတစ်ခုပါ ထပ်ကြားရ၏။

"နွေဦး"
"နွေဦး"

ကုတင်ပေါ်မှဆင်းကာ စားပွဲနားသို့ကပ်သွားသည်။ ထိုစားပွဲ၏ အပေါ်ဆုံးအံဆွဲကို ဖွင့်ကာ သော့တစ်ချောင်း ယူသည်။ ထိုနောက် အခန်းထဲမှ ထွက်ကာ တံခါးမကြီး ဆီသို့ အပြေးသွားလေသည်။

"ဟာ ကိုလင်း....လာလေ အထဲကို..."

လင်းလင်းကား သူ့ရဲ့ ၀မ်းကွဲညီအား တစ်ဖန်ပြန်တွေ့ရ၍ ၀မ်းသာပီတိဖြစ်နေ၏။ ထိုနောက်အိမ်ထဲသို့ ခြေလှမ်းခပ်စိပ်စိပ်ဖြင့် ၀င်လာ၏။ ၀င်လျှင်၀င်ချင်း သပ္ပာယ်လှသော ဘုရားကျောင်းဆောင်ဆီ မျက်စိရောက်သွားသည်။ ဘုရားကျောင်းဆောင်ကား ပန်းများ ဆီမီးများ ဖြင့် အလွန်တရာမှ သပ္ပာယ်လှလေသည်။ စိတ်ထဲတွင် ကြည်နူးငြိမ်သက်မှုများ ၀င်လာလေသည်။ ဘုရားကျောင်းဆောင်၏ ဘေးနားကပ်ရပ်တွင် ဆိုဖာ အရှည်တစ်လုံးရှိသည်။ ထိုဆိုဖာရှေ့တွင် မှန်တင်ခုံ စားပွဲတစ်လုံးပင်ရှိ၏။ ထိုစားပွဲပေါ်တွင် ပန်းအိုးတစ်လုံးတစ်လုံးနှင့်စာအုပ်တစ်အုပ် တင်ထားသည်။ ပန်းအိုးထဲတွင် ထိုးထားသော ပန်းကား ပန်းခြောက်ဖြစ်သော်လည်း အစစ်နဲ့ပင် မခြားလှ။ ထိုစားပွဲ၏ ဘေးဘက်ဘေးရံတွင် ဆိုဖာ အသေးနှစ်လုံးအား ဟိုဘက်ဒီဘက်ဆင်ထားသည်။

ဤအိမ်အား တိုက်ခန်းဖြစ်သော်လည်း အရမ်းကြီး မကျဉ်းလှ ကျယ်သည်ဟုလည်း မဆိုနိုင်။ တစ်ယောက်‌တည်းနေသော နွေဦးအတွက် သူဟာနှင့်သူတော့ အဆင်ပြေသော အနေအထားဖြစ်သည်။ နွေဦးသည် စာဖတ်ဝါသနာပါသူဖြစ်၏။ သူကိုယ်တိုင်လည်း စာရေးဆရာဖြစ်၏။ သူ၏ ပထမဆုံးထုတ်ဝေသော "စစ်တုရင်" စာအုပ်မှာ ယခုလတ်တလော နာမည်ကြီး စာအုပ်များထဲမှာ ထိပ်ဆုံးဖြစ်၏။ လင်းလင်းထိုင်နေသော ဆိုဖာ၏ မျက်နှာချင်းဆိုင်‌တွင် စာအုပ်စင်ကြီး ကိုတွေ့နိုင်သည်။ တစ်ခုထဲမဟုတ် စင်ကြီးနှစ်ခုကား ထောင့်မှန်ပုံသဏ္ဌာန် ထားထား၏။ တစ်ယောက်တည်းနေအိမ်ဖြစ်သော်လည်း သပ်သပ်ရပ်ရပ်နှင့်ရှိလှသည်။

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )حيث تعيش القصص. اكتشف الآن