Chapter 9

9 3 0
                                    

( Uni )

  
   စုစုသည် ဆိုင်မှ ထွက်လာပြီးချိန်မှစ တစ်လမ်းလုံး စဉ်းစားနေလေသည်။ နွေဦးအကြောင်း စုံစမ်းတာတော့ ဟုတ်ပါပြီ။ မည်သို့မည်ပုံရှာရမည်နည်း။ နွေဦးရဲ့ စာအုပ်ကို ပုံနှိပ်ပေးတဲ့ တိုက်ဆီ သွားမေးကမလား။ အင်း….စုစုတစ်ယောက် ခေါင်းထဲ ရှုပ်နေသည်။

   မိမိအိမ်ရှေ့တော့ရောက်ပြီ။ မိမိ၏ အိမ်ဟုဆိုပေမယ့် မိမိ၏ အိမ်လိုမခံစားရ။ တစ်စိမ်းတစ်ယောက်၏ အိမ်လိုခံစားရသည်။ စုစု၏ မိဘနှစ်ပါးသည် စုစု၏ အသက် ခြောက်နှစ်လောက်တွင် ယာဉ်တိုက်မှု အကြီးအကျယ်ဖြစ်ရင်း ဆုံးသွားလေသည်။ စုစုသည် အသက်ငယ်ငယ်လေးနှင့် စုစု၏ အမျိုးဟု ဆိုနိုင်သော မိသားစုတစ်စုဆီတွင်နေနေရသည်။

   စုစု၏ မွေးစားခံရသော သူတစ်ယောက်ဖြစ်ပေမယ့် မွေးစားမိဘများ ခမျာတော့ သမီးကလေး အရင်းတစ်ယောက်လို ချစ်ရှာသည်။ စုစု၏ မွေးစားမိဘများတွင် သမီးလေးတစ်ယောက်ရှိသည်။ စုစုနှင့် အသက်မှာ မတိမ်းမယိမ်းဖြစ်သည်။

   အိမ်တံခါးကို ဖွင့်ရင်း စုစုတစ်ယောက် အိမ်ထဲသို့၀င်လာသည်။ အိမ်ထဲသို့ ၀င်လျှင်၀င်ချင်း ဘယ်သူမျှမတွေ့ရ။ ခနလောက်အကြာမှ စုစု၏ မွေးစားအမေဟုဆိုနိုင်သော ဒေါ်ခင်ရီ ရောက်လာသည်။

“သမီး… ပြန်လာပြီလား….”

“ဟုတ်ကဲ့…အမေ…”

“သမီး အမကတော့…ခုထိပြန်မရောက်သေးဘူး….”

   ဒေါ်ခင်ရီ၏ သမီးသည် စုစုထက် လပိုင်းလောက်သာကြီးလေသည်။

“ပုံမှန်ဆို ဒီအချိန် ပြန်ရောက်နေကြပါ….”

“အင်းလေ….ပြီးတော့ ခုတလော ကောင်လေးတစ်ယောက်နဲ့ တွဲတွဲလာလာ ရှိနေတယ်ကြားတယ်….သူ့တို့ ကျောင်းက ဆရာတစ်ယောက်ပဲတဲ့….”

   စုစုတစ်ယောက် ထိုစကားကို ကြားကြားချင်းရီလေသည်။

“အမေကလည်း….အမက ငယ်တော့တာမှ မဟုတ်တာ….”

“အင်းလေ…ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့် မကောင်းတဲ့သူဆို ဘယ်လိုလုပ်မတုန်း….”

“အမက ကောင်းကောင်းသုံးသပ်တတ်ပါတယ်….အမေရဲ့ သိပ်လည်း စိတ်ပူမနေပါနဲ့….”

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )Where stories live. Discover now