Chapter 11

7 2 0
                                    

( Uni )

  
   နွေဦးသည် မနက်ခင်း၏ အငွေ့အသက်ကို ကော်ဖီသောက်ရင်း ခံစားနေသည်။ မိုးစက်ကလေးများကတော့ ပြတင်းပေါက်မှန်မှာ တစ်စက်တစ်စက်ဖြင့် စီးနေလေသည်။

   ခုံပေါ်မှာ တင်ထားသော ဖုန်းကို လှမ်းယူလိုက်သည်။ အချိန်မှာ ရှစ်နာရီ ကျော်ကျော် လောက်သာ ရှိသေးသည်။ ထိုပြင် မြခင်ပို့ထားသော စာကိုတွေ့လေသည်။ နွေဦးသည် မနေ့က တစ်နေကုန်သွားရ၍ နွမ်းနွယ်ကာ စောစောအိပ်ဖြစ်လေ၏။ ထိုကြောင့် မြခင်၏ စာကို မတွေ့မိ။

“ခင် ပျော်ခဲ့ရပါတယ် ရှင့် ❤️”

   ထိုနောက် နွေဦးလည်း စာကို တွေ့တွေ့ချင်း ခနတော့ စဉ်းစားလေ၏။

“ခင် ပျော်ရင် ကျွန်တော်လည်း ပျော်ပါတယ်”

   စာကိုပို့ပြီးနောက် နွေဦးတစ်ခုသတိထားမိသည်မှာ သူစိမ်းဖုန်းဟု ထင်ရသော ဖုန်းကောများကို တွေ့လေသည်။ မိမိသိသော ဖုန်းနံပါတ်လည်းမဟုတ်။ ဖုန်းကို စားပွဲပေါ်တွင် ပြန်တင်ကာ မိမိ သောက်လက်စ ကော်ဖီကို ဆက်သောက်လေ၏။

   နွေဦးသည် ကျောင်းသွားမည့်အချိန်နီးလာသဖြင့် မိမိအိမ်မှ ပြင်ပြီးဆင်ပြီး ထွက်လာခဲ့လေသည်။ မိုးကလေးများကတော့ ငွေ့ငွေ့လေးသာ ကျန်တော့သည်။ နေရောင်လည်း ဖြည်းဖြည်းချင်း ပုံပြန်ပေါ်လာလေ၏။ နွေဦးသည် လမ်းလျှောက်နေရင်း မိမိ ဖုန်း၏ အသံကိုကြားလိုက်ရသည်။ ဖုန်းလာနေသည်။ ဖုန်းကို ထုတ်ကာ ကြည့်လိုက်ရာ မနေ့ညက ခေါ်ထားသော သူစိမ်း ဖုန်းနံပါတ်နှင့် တူလေသည်ကိုတွေ့သည်။ ဖုန်းကို ကိုင်လိုက်လေသည်။

“ဟယ်လို….”

   ထိုဖုန်းထဲမှ လာသောအသံမှာ မိန်းကလေးအသံဖြစ်သည်။

“ဟုတ်ကဲ့…အမိန့်ရှိပါ…”

“နွေဦး ဟုတ်တယ်မလား….”

   နွေဦးလည်း ခနတာ့ တိတ်နေကာ ပြန်ဖြေလေသည်။

“ဟုတ်ကဲ့ပါ ကျွန်တော် နွေဦးပါ…”

“စုစုပါ….”

   မိမိသည် ထိုနာမည်ကို ကြားဖူးသလို
လိုရှိသည်ပေမယ့် မည်သူမှန်းတော့ သေချာမသိ။

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )Where stories live. Discover now