Chapter 10

7 2 0
                                    

( Uni )

  
   Alarm စက်က မြည်လေပြီ။ နွေဦးတစ်ယောက် Alarm ကို လှမ်းပိတ်ကာ လှဲနေလျက် အကြောဆန့်သည်။ နာရီကို တစ်ချက်ထပ် လှမ်းကြည့်သည်။ မနက် ခုနှစ် နာရီ ထိုးပြီ။ ယနေ့မှာ မြခင်၏ မွေးနေ့ဖြစ်သည်။ ကျောင်းပိတ်ရက်လည်း ဖြစ်သောကြောင့် မြခင်သည်‌ နွေဦးကို ဘုရားသို့ လိုက်ပို့ခိုင်းလေ၏။

အိပ်ရာမှထကာ ရေချိုးခန်းထဲသို့၀င်သွားသည်။ အတန်ကြာပြီးနောက် ပြန်ထွက်လာကာ ဖုန်းမည်သံ ကိုကြားလိုက်သည်။ ထိုနောက် အခန်းထဲသို့၀င်သွားကာ ဖုန်းကို လှမ်းကိုင်လိုက်သည်။

“ဟယ်လို….”

   မြခင်၏ ပျော့ပျော့ပြောင်းပြောင်း အသံလေးကို ကြားလိုက်ရသည်။

“အင်း ခင်ပြော…”

“ယူ နိုးပြီလား….”

“အင်း ရေချိုးလို့တောင် ပြီးပြီ…ခနနေဆို….ထွက်လာပြီ…”

“အော် ကိုနွေဦး မနိုးမှာဆိုးလို့ လှမ်းဆက်ကြည့်တာ….အဲ့တာဆိုလည်း ချိန်းထားတဲ့နေရာမှာ ဆုံမယ်နော်….”

“အွန်း…”

“SEE YOU…”

   ဖုန်းချ‌သွားလေပြီ။ ထိုနောက် နွေဦးတစ်ခုသတိထားမိသည်မှာ ‌‌မြခင်မှာ ဝေဦးကို ဖုန်းခေါ်ထားသည်မှာ ခြောက်ခါတောင်ရှိသည်။ နွေဦးသည် ရေချိုးခန်းထဲမှာဖြစ်၍ မကိုင်မိ။ စိတ်ထဲအားနာ စိတ်ကလေးများ ပင်ဖြစ်သွားသည်။

   နွေဦးသည် အစကတော့ ဘုရားသွားမည်ဖြစ်၍ ပုဆိုးနှင့်တီရှပ်သာ ၀တ်ဖို့ကြံရွယ်ထားသည်။ သို့သော် မြခင်မှာ ဘုရားအပြီး သွားချင်တဲ့နေရာလေးတွေ ရှိခြင်းကြောင့် နွေဦးကို လိုက်ခဲ့ချင်စေချင်သည်။ ထိုကြောင့်ပုံမှန်လေးပဲ ၀တ်လာရန် နွေဦးကို မှာထားလေသည်။

   မိုးရာသီရဲ့ အငွေ့အသက်က တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာသည်။ နွေဦးတစ်ယောက် လမ်းတွင် ရေအိုင်များကိုတွေ့၍ မနက်အစောကြီး မိုးရွာထားသည်ဟု တွေးလေသည်။ မိုးကောင်းကင်မှာ အလင်းသည် တစ်စတစ်စသာရှိသေးသည်။ မိုးများအုံ့နေသဖြင့် ပိုလို့ပဲ အလင်းမှာမှိန်နေသဟု ထင်ရသည်။ 

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )Where stories live. Discover now