( Uni )မိုးသက်၏ ရနံကားသင်းနေသည်။ မိုးရွာသည်၏ အငွေ့အသက်သည် တဖြည်းဖြည်းနှင့် ဆောင်းရာသီ၏ စုပ်ယူမှုကို ခံနေရသည်။ သို့ပေမယ့်လို့ မိုးကတော့ ရွာစမြဲရွာမြဲဖြစ်သည်။ ကောင်းကင်ကြီးမှာတော့ တစ်ချိန်လုံး မိုးမှောင်ကျနေလေသည်။ တစ်ခုခုကို စိတ်ဆိုးမာန်ဆိုး ဖြစ်နေပုံရသည်။ ကောင်းကင်ကြီး ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ ဘယ်လောက်ပဲ လောကကြီးကိုမုန်းနေပါစေ နွေဦးမှာတော့ ထိုရဲ့ ဆန့်ကျင်ဘက်ဖြစ်ကာ မိုးရာသီအား အန်တုနေလေသည်။
နွေဦးတစ်ယောက် ကျောင်းလာရသည်မှာ ပျော်ဖို့ကောင်းသည်။ ဘာကြောင့်မှန်းမသိ ပျော်ကိုပျော်သည်။ ယနေ့တော့ နေသာကာ နေလေသည်။ နွေဦးတစ်ယောက် ထမင်းချိုင့် ဆွဲကာ ကျောင်းသို့အပြေးလာနေသည်။ ကျောင်းနောက်ကျနေလို့တော့မဟုတ် ဝေရည်ထက်စောရောက်ချင်လို့ ဖြစ်သည်။ ထိုအချိန်တွင် နွေဦးတစ်ယောက် လမ်း၌ပွင့်နေသော ပန်းကလေး တစ်ပွင့်ကား တွေ့ကာ လမ်းခူးလိုက်လေသည်။
ထိုနောက် ကျောင်းသို့ဆက်သွားလေသည်။ နွေဦးတစ်ယောက် စာသင်ခန်းထဲသို့ ရောက်ချိန်မှာကား ကျောင်းသားဟူ၍ လက်ငါးချောင်းမပြည့်။ အခန်း၀င်ပေါက်ကိုကြည့်ကာ ဝေရည်၀င်လာမည့်အချိန်ကို စောင့်နေသည်။
ခနအကြာတော့ ဝေရည်ကို လှမ်းတွေ့လိုက်လေသည်။ အခန်း၀ရှေ့၌ ရပ်ကာ နွေဦးကို စိုက်ကြည့်နေလေသည်။ ယနေ့တော့ ထူးထူး ဆန်းဆန်း သနပ်ခါးကို ပါးဖောင်းဖောင်းလေးနှစ်ဖက်တွင် အညီအညာ ပွတ်ထားလေသည်။ အခန်းထဲသို့၀င်လာကာ လွယ်အိတ်ကို သူ့နေရာချကာ ထိုင်နေသည်။
"ဝေဝေ....."
နွေဦးခေါ်ချိန်မှာကား ဝေရည်တစ်ယောက် နွေဦးကို လှည့်ကြည့်ချိန် ဖြစ်ကာ "ရှင့်..." ဟူ၍ ပြုံးကာ ထူးလေသည်။ ထိုင်နေရာက ခါးကိုလှည့်ထားကာ အနောက်စားပွဲပေါ်တွင် လက်လေးတင် မေးကလေးထောက်ကာ နွေဦးအား အပြုံးများဖြင့် စိုက်ကြည့်နေလေသည်။
"မေမေကပြောတယ်သိလား...."
ဝေရည်စကားစပြောလေသည်။
"တစ်ယောက်ယောက်ခေါ်လို့ရှိရင်တဲ့.....မိန်းကလေးဆို ရှင်....ယောင်္ကျားလေးဆို ဗျာ....လို့ထူးရတယ်တဲ့.....အဲ့လိုထူးတာ လိမ္မာတဲ့ ကလေးတွေလုပ်တာတဲ့....."
YOU ARE READING
Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )
Romanceတစ်ခါ ချစ်မိပြီဆိုမှတော့ တစ်သက်လုံး ပိုင်ဆိုင်ချင်တာပေါ့။