Chapter 8

13 3 0
                                    

( Uni )

   ဝေဝေတစ်ယောက် စုစုပြန်သည်နှင့် စာအုပ်ကို ကောက်ကိုင်ကာ အခန်းထဲသို့၀င်သွားလေသည်။ ထိုနောက် မှန်တင်ခုံဘေးနားက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကာ စာအုပ်အဖုံးကို ပြန်ကြည့်နေသည်။

စာအုပ်အဖုံးကို သေချာကြည့်ပြန်တော့ သေသပ်မိသည် ထင်မိရဲ့။ နာမည်နှင့် စာအုပ်အဖုံးမလိုက်ဖက်သည်ဟု ထင်ရသော်လည်း သေချာကြည့်မှ လိုက်ဖက်သည်ဟုထင်သည်။

ထိုနောက် စာအုပ်အဖုံးကို လှန်လိုက်‌လေသည်။ အတော်ကြာ ဖတ်ပြီးနောက် ဝေရည်တစ်ခုသတိထားမိသည်မှာ စာအုပ်၏ ဇာတ်လမ်းဇာတ်အိမ်သည် ဝေရည်၏ အမှတ်တရများအပေါ် အခြေခံထားသည်။ ဝေရည်၏ အမှတ်တရ တစ်ခုတည်းဟု ဆို၍ မရ ဝေရည်နှင့်နွေဦးတို့၏ အမှတ်တရများပင်ဖြစ်လေသည်။

ထိုဇာတ်လမ်းထဲတွင် ဇာတ်ဆောင် ထွန်းထွန်းသည် မိမိ၏ ငယ်ချစ်ဦးကြောင့် မနေ့နိုင်ဖြစ်နေလျက် ပြန်တွေ့သောအခါလည်း အဆင်ပြေနေသော အခြေအနေမဟုတ်။ မိသားစု သူငယ်ချင်း များနှင့် စစ်တုရင် ထိုးရဘိသကဲ့သို့ ပြဿနာ‌များနှင့်ရင်ဆိုင်ရသည့် အကြောင်းကို ရည်ရွယ်၍ ရေးထားလေသည်။ ထိုအကြောင်းကြောင့် "စစ်တုရင်" ဟု‌နာမည်‌ပေးထားခြင်းဖြစ်သည်ဟု ယူဆမိသည်။ ထိုပြဿနာများငြိမ်း၍ အဆင်နေပြန်ပြီထင်လျက် ဇာတ်ဆောင် ထွန်းထွန်းမှာ ‌နောက်ဆုံး ရောဂါကြောင့်နှင့် အသက်ဆုံးရှုံးခဲ့သည်။

ဇာတ်လမ်းကား ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ လူများ၏ ‌အပေါ်ယံ မျက်နှာဖုံးသည် သိပ်ကြောက်ဖို့ကောင်းလှသည်။ လူရှေ့သူရှေ့ မျက်နှာပန်းလှပြနေပေမယ့် နောက်ကွယ်မှာကျ ‌သောက်ပြစ် ပြောနေကြသော သူတို့လည်း ရှိသည်။ အင်း....ဘ၀မှာ ထိုသို့အရာတို့၏ လွှမ်းမိုးမှုကို ရောက်ခဲ့ရင်တော့ ဖြစ်လာရမည့် ‌ကြမ္မာ ကတော့ မတွေးရဲစရာ။ ထိုစာအုပ်ကို ဝေရည်တစ်ယောက် တစ်‌ထိုင်တည်းဖတ်ချလိုက်လေသည်။ အချစ်ဇာတ်လမ်းနှင့်ရောနှောပြီး ဘ၀၏ သရုပ်မှန်ကို မီးမောင်းထိုးပြနိုင်ပေသဖြင့် ဤစာအုပ်နာမည်ကျော်သည်မှာ ဝေရည်အတွက် မထူးဆန်းတော့။

ဘ၀၏ တက်လမ်းများသည် မိတ်ဆွေအပေါင်းအသင်းတို့ ပါ၀င် ပတ်သက်မှုသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါလေသည်။ မိတ်ဆွေအပေါင်းအသင်းဟုဆိုရာ၌ အပေါ်ယံပေါင်းသူကို မဆိုလို။ စိတ်ထဲနှစ်နှစ်ကာကာနှင့် မြုပ်နှံကာ ဤလမ်းက မှားသည်။ ထိုသို့လုပ်လျှင် အကျိုးရှိမည်ဟု သွန်သင်လမ်းပြ တတ်သူမှသာလျှင် မိတ်ဆွေအပေါင်းအသင်းအစစ်ဟု ခေါ်ဆိုထိုက်သည်။

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )Wo Geschichten leben. Entdecke jetzt