Chapter 5

12 3 0
                                    

( Uni )

  ‌‌ နွေဦးတစ်ယောက် ယနေ့တော့စောစော ထရပြီ။ ပုံမှန်ဆို နေဖင်ထိုးအောင် အိပ်တတ်သောသူက မထချင်ထချင်နှင့် ထလာသည်။ ‌ယနေ့က နွေဦး ကလေးတွေကို စာစပြရမည့်‌ပထမဆုံး နေ့ဖြစ်သည်။ မျက်နှာက မငိုက်တငိုက် နှင့် နိုးနေတယ်ဟုပင်ပြောရခက်သည်။ ယနေ့က ပထမဆုံးနေ့ဖြစ်၍ ကျောင်းနောက်ကျလို့မဖြစ်။ မျက်လုံးကို အတင်းအဖြင်း ဖွင့်ကွာ နောက်ဖေးသို့၀င်သွားသည်။ သွားတိုက် ရင်းမှန်ကိုကြည့်မိကာ မှန်ကားအပ်နေသည်။ သည်မှန်ကို ပြန်လဲရမှာပဲဟုတွေးသည်။ ထိုနောက် မျက်နှာသစ်ကာ မျက်နှာသုတ်ပဝါကား ကိုင်လျက် နောက်ဖေးမှထွက်လာသည်။ မိမိအခန်းထဲသိုပြန်၀င်ကာ မနေ့က မြခင်ယူလာပေးသော ကျောင်းယူနီဖောင်းအားကြည့်သည်။ အပေါ်ကအဖြူရောင် တီရှပ်ကိုမှ ‌ညာဘက်ရင်အုံနားတွင် ကျောင်းတံဆိပ်ကပ်ထားသည်။ မြခင်ပြောသည်ကား ပထမဆုံးနေ့မို့ ပုဆိုးနှင့်လာစေချင်သည်။ မိမိလည်း
ထိုသို့ပဲတွေးသည်။ ထိုနောက် အ၀တ်အစားများလဲကာ အိမ်ထဲမှ ကမန်းကတန်းထွက်လာခဲ့သည်။

ကိုးနာရီ အရောက်ဖြစ်ပြီး ယခု ရှစ်နာရီခွဲရှိလေပြီ။ ‌‌မြခင်တစ်ယောက် နွေဦးကို ကျောင်းကို တစ်ခါလိုက်ပြဖူးသည့်အတွက် ကြောင့် မည်သို့သွားရမည်ကိုတော့ သိသည်။ မိမိအိမ်မှ လမ်းလျှောက်မည်ဆိုလျှင် တစ်ဆယ့်ငါးမိနစ်လောက်တော့ အနည်းဆုံးလျှောက်ရ၏။ ထိုထက်မြန်ချင်လျှင် စက်ဘီးဖြင့်သွားမှရမည်။ အင်း.....ခက်သည်ကား မိမိမှာ စက်ဘီးကမစီးတတ်။ သိုဖြစ်၍ လမ်းလျှောက်၍သာ သွားရသည်။

ကျောင်းရှေ့သို့ရောက်လေပြီ။ ‌ကျောင်းပုံစံမှာမူ အရမ်းကြီးတော့မကြီးလှ။ အဆောက်အအုံအား သုံးခုရှိပြီး အလယ်က အဆောက်အအုံက ပို၍ ကြီးသည်။ ထို အဆောက်အအုံ သုံးခုကို ဘေးချင်းကပ်ကာ ဆက်ထားသည်။ ၀င်ပေါက်မှ၀င်လျှင်၀င်ချင်း ကောင်တာ တစ်ခုရှိသည်။ ထိုကောင်တာ၏ အနောက်တွင် အပေါ်ထပ်သို့ တက်သည့် လှေကားရှိသည်။ ထိုကောင်တာ၏ ဘေးနှစ်ဖက်တင် ၀င်ပေါက်ကိုယ်စီရှိကြသည်။ ကောင်တာ၏ မျက်နှာချင်းဆိုင် ဘေးဘက်နံရံတွင် ထိုင်ခုံတန်းကလေးရှိ၏။ ထိုထဲမှ ထိုင်ခုံတစ်ခုတွင် မြခင်တစ်ယောက် ထိုင်ကာ နေလေသည်။

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )Where stories live. Discover now