Chapter 7

15 3 0
                                    

( Uni )
   ‌
   စုစုတစ်ယောက် ဝေရည်အိမ်ကို လာလည်တာတော့ ပထမဆုံးမဟုတ်။ သို့ပေမယ့်လို့ လာခဲသည်။ ‌အိမ်၌ သိပ်မတွေ့ဖြစ်ကျ။ အပြင်၌သာ ချိန်း၍ ဆုံကြလေသည်။  ဒီတစ်‌ခါတော့ စိုက်စိုက်မြိုက်မြိုက် အိမ်ကို ရောက်ချလာသည်။

“ထူးထူးဆန်းဆန်း အိမ်လာလို့ပါလာ….”

   ဝေရည်တစ်ယောက် ‌စူးစမ်းလိုသလိုလိုနှင့်မေးသည်။

“မာမီက ဒီနေ့အိမ်မှာ ဘုန်းကြီး ဆွမ်းကပ်တယ်လေ….အဲ့တာ ဝေရည်ဆီကိုလည်းသွားပေးလိုက်ပါ ဆိုလို့…..”

  စကားအဆုံးတွင် လက်ထဲတွင် ပါလာသော သုံးဆင့်ချိုင့်အားထုတ်ကာပေးလေသည်။

“နင့်အကြိုက်လေ…..မုန့်ဟင်းခါး….”

   စုစုပြောလေသည်။

“ကျေးဇူးတင်ပါတယ်…..”

   ပုံမှန်ဆို ဒေါ်သီတာသည် ပွဲရုံမသွားခင် မနက်စာပြင်ပေးလေ့ရှိသည်။ သို့ပေမယ့်လို့ အမြဲတမ်းတော့မဟုတ်။ တစ်ခါတစ်ရံကျ ကိုယ့်ဘာသာ၀ယ်စားရသည်။ ထမင်းစားဖို့အတွက် ဟင်းအနည်းငယ် ချက်ပေးထားခဲ့ပေမယ့် ဝေရည်မှာ မနက်စာကို ထမင်းစားလေ့မရှိသောကြောင့် မစားတတ်။

   ဝေရည်သည် လက်တစ်‌ဖက်တွင် မုန့်ဟင်းခါးကို ပန်းကန်ကို ကိုင်လာကာ နောက်လက်တစ်‌ဖက်ကား သုံးဆင့်ချိုင့်အား ကိုင်လာလေသည်။ 

“အေးဆေးမှပြန်ပေါ့…”

   ဝေရည်တစ်ယောက် မုန့်ဟင်းခါးကို ဇွန်းဖြင့် နယ်နေရင်းပြောသည်။

“နေချင်ပေမယ့်ဟာ….ငါအလုပ်ကလေးတွေရှိသေးတယ်ဟ……ငါ့အမေက ပို့ပြီးတာနဲ့ ပြန်လာတဲ့….အော် ပြီးတော့ ငါနင့်ကို ပြစရာရှိသေးတယ်……”

“ဘာကြီးတုန်း….”

   ဝေရည်သည် ခေါင်းကလေးမော့လာကာ သိချင်စိတ်များ ပြည့်လာလေသည်။

“၀တ္ထု…၀တ္ထု…”

   စုစုသည် စာအုပ်တစ်အုပ်ကို သူ့လက်စွဲအိပ်ထဲမှ ထုတ်လိုက်လေသည်။ စာအုပ်၏ အဖုံးကား ဆန်းတာတော့ ဆန်းသည်။ စာအုပ်နာမည်က “စစ်တုရင်” တဲ့။ အင်း အဖုံးကကျတော့ သစ်ပင်ကြီးတစ်ပင်နှင့် စာထိုင်ဖတ်နေတဲ့ ကောင်လေးတစ်ယောက် ပုံသာဖြစ်သည်။ နာမည်နှင့် အဖုံးနှင့်က သိပ်မလိုက်ဟု ဝေရည်တွေးသည်။

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )Where stories live. Discover now