Chapter 12

4 2 0
                                    

( Uni )


နွေဦးသည် မြခင်တို့ အိမ်၏ အ
ဧည့်ခန်းထဲ၌ ထိုင်နေလေသည်။ အိမ်မှာ ပရိဘောဂ စုံလင်စွာဖြင့် အလှဆင်ထားလေသည်။ မိမိ ထိုင်နေသော ဆိုဖာ၏ ရှေ့တွင် စားပွဲပုကလေးတစ်လုံးရှိ၏။ မိမိ အိမ်က အပြင်အဆင်နှင့်တောင် ခပ်ဆင်ဆင် ရှိနေသည်။

ထိုနောက် မြခင်တစ်ယောက် ‌ဧည့်ခန်း၀တွင် ရပ်နေသည်ကို နွေဦးသတိထားမိလေသည်။

"ယူ ကိုယ့်အိမ်လိုပဲ သဘောထား..."

"ရပါတယ်ဗျာ..."

ထိုအချိန်တွင် ဒေါ်ခင်ရီတစ်ယောက် ၀င်လာလေသည်။

"သားလေး ဗိုက်ဆာနေပြီလား..."

ဒေါ်ခင်ရီ၏ သဏ္ဌာန်မှာ ပိန်ပိန်ပါးပါးနှင့် ဖြောင့်စင်းသော ခန္ဓာကိုယ်ရှိ၏။ အရပ်မှာလည်း အနည်းငယ်ပုလေသည်။ မျက်မှန်၏ အောက်တွင် မြင်နေရသော မျက်၀န်းများမှာလည်း မှေးမှေးကလေးဖြစ်၏။

"ရပါတယ် အန်တီ...ကျွန်တော် ဘာကူညီပေးရဦးမလဲ...."

"သားရယ် သက်သက်သာသာနေပါ....အန်တီပြင်လို့ပြီးရင် ခေါ်လိုက်မယ်နော်..."

"ဟုတ်ကဲ့ပါ...အန်တီ...အကူအညီလို‌ရင်လည်းပြောပါ...လုပ်ပေးဖို့ ၀န်မလေးပါဘူး ဗျ..."

"သားလေးက သိတတ်လိုက်တာ..."

ဒေါ်ခင်ရီလည်း ပြန်ထွက်သွားလေသည်။ ထိုအချိန်တွင် မြခင်သည် ဆိုဖာ တစ်ခုတွင် ၀င်ထိုင်လေသည်။

"တွေ့တယ်မလား...ခင့်ရဲ့ မာမီက သဘောကောင်းပါတယ်.."

"ဟုတ်ပါတယ် မငြင်းပါဘူး..."

"ခင့်ညီမလေးက ဆိုင်က ပြန်‌မရောက်သေးလို့...ပုံမှန်ဆို အိမ်ပြန်ရောက်နေကြ...ဘယ်တွေသဝေထိုးနေလဲမသိဘူး...."

ထိုအချိန်တွင် မြခင်၏ အဖေဖြစ်သူ ဦးသိန်းစိုး ၀င်လာလေသည်။ မြခင်၏ အဖေဖြစ်သူ မိမိစာသင်နေသော ကျောင်း၏ ကျောင်းအုပ်ဆိုသော ဦးသိန်းစိုး ကို ယခုမှ သေချာမြင်ဖူးလေ၏။

ဆံပင်ကတော့ အဖြူရောင်သန်းလေသည်။ အသားအရေရောင်က ခပ်ဖျော့ဖျော့ နှင့် ပြည့်ပြည့်ဖြိုးဖြိုး သဏ္ဌာန်ရှိလေ၏။

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )Where stories live. Discover now