Chapter 13

3 2 0
                                    

( Uni )


ဝေရည်သည် သော့ခတ်ထားသော ဆိုင်ခန်း၏ အပြင်တွင် ရပ်စောင့်နေလေသည်။ နာရီကို တစ်ချက်ကြည့်သည်။ ကိုးနာရီ နဲ့မှ တစ်ဆယ့်င့ါး...။ ပုံမှန်ဆို စုစုမှာ အရင်ရောက်နေကျဖြစ်သည်။ ယနေ့တော့ နောက်ကျနေပုံရသည်။ ဝေရည်မှာ ထိုနေရာ၌ စောင့်နေတာ အနည်း‌ဆုံး မိနစ် နှစ်ဆယ်လောက်နီးပါး ရှိနေလေသည်။

‌စုစု တစ်ယောက် ပေါ်လာလေသည်။ စုစုခများ ကမန်းကတန်းဖြင့် ဝေရည်နားသို့ လာလေ၏။

"ဆောတီးပါဟယ် နောက်ကျသွားလို့...စောင့်လိုက်ရလား......အကြာကြီး..."

စုစုမှာ သော့ဖွင့်နေရင်း ပြောလေသည်။

"ရပါတယ် ဘာမှမဖြစ်ဘူး..."

ထိုနောက် တံခါးဖွင့်ကာ နှစ်ယောက်သား ၀င်လာခဲ့လေသည်။

"ငါမနေ့က အသစ်၀င်လာတဲ့ အထည်တွေ စာရင်းတောင်မမှတ်ရသေးဘူး...လုပ်စရာတွေအများကြီးပဲ..."

စုစု တစ်ယောက် တော်တော်ပျာယာခတ်နေသည်။ ဝေရည်မှာ‌တော့ လက်ဆွဲအိတ်ကို ကောင်တာပေါ်တွင်ချကာ ဆိုင်မီးများကို လိုက်ဖွင့်လေသည်။

"‌ဝေရည် ပြီးရင်လေ ၀င်လာတဲ့ အထည်တွေစစ်ပေးပါဦး..."

စုစုသည် ကောင်တာပေါ်၌ စာရင်းမှတ်ကာ ဝေရည်ကိုလှမ်းပြောလေသည်။

"အင်းလုပ်လိုက်မယ်..."

"ငါတို့ အလုပ်သမား ထပ်ဌားရမယ် ထင်တယ်သိလား..." စုစုမှ ပြော‌လေသည်။

"နောက်မှစဉ်းစားပါဟာ...အခုကိစ္စတွေပဲ ပြီးအောင်လုပ်ပါဦး...ပြီးရင်လည်း မှာထားတဲ့ စာရင်းတွေရှိသေးတယ်..ပို့ပေးရမယ့်ဟာတွေ...အဲ့‌တာတွေက မှားလို့မရဘူး‌..." ဝေရည်သည် မိမိစာရင်းစာအုပ်ကို ကိုင်ရင်း ပြောလေ၏။

"အင်းပါ...အင်းပါ..."

နှစ်ယောက်သား တစ်‌မနက်ခင်းလုံး စာရင်းမှတ် ဧည်သည်‌တွေကိုဧည့်ခံ ကျန်သေးတဲ့ စာရင်းဇယားများတွက်ရင်းနှင့် အချိန်မှာ မည်သို့ ကုန်သွားမှန်းမသိ။ ဝေရည်နာရီကြည့်တော့ တစ်နာရီတောင်ရှိနေလေပြီ။

"ဟဲ့..စုစု တစ်ခုခုမှာရအောင် ဗိုက်ကဆာနေပြီ..." ဝေရည် ပြောလေသည်။

Love Affair ချစ်ရေးချစ်ရာ ( Uni+Zawgyi )Where stories live. Discover now