Chapter 04

887 148 2
                                    

Unicode

Chapter 04 - သူ အထင်မှားခဲ့မိဟန်ရှိတယ်

"သခင်လေးပိုင် ကျုပ် ဒါကို ဂရုစိုက်လိုက်ပါ့မယ် သခင်လေးက အိမ်အရင်ပြန်လိုက်ပါ အာကာသယာဉ်ထဲမှာ ရက်အတော်ကြာနေခဲ့တာဆိုတော့ ပင်ပန်းနေမှာပေါ့" အိမ်တော်ထိန်းကုချီက ကုပိုင်ကို အိမ်သို့ခေါ်သွားသည်။

သူတို့က ကုမိသားစု၏ယခင်ဘိုးဘွားပိုင်အိမ်သို့ သွားခဲ့ကြခြင်းပင်။ အနားတဝိုက်ရှိ ပြန့်ကျဲနေသော အခြားအဆောက်အအုံများနှင့် နှိုင်းယှဉ်ပါက ရှေးခေတ်ပုံစံမျက်နှာစာဖြင့် အိမ်သည် ကောင်းမွန်စွာတည်ဆောက်ထားသည်။ နံရံများသည် ဟောင်းနွမ်းနေပုံရသော်လည်း အိမ်သည်တော့ ဤနှစ်များတလျှောက် ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ထားမှန်း တွေ့နိုင်လေသည်။

ပျော့ပျောင်းနူးညံ့သောကုတင်ပေါ်တွင် လဲလျောင်းနေရသော ကုပိုင်သည် ရုတ်တရက် အနည်းငယ်မူးဝေဝေဖြစ်နေသည်ဟု ခံစားရ၏။ အိပ်ရာကနိုးလာသည့်အခါ၊ ကြမ်းပြင်ပေါ်မှာ အိပ်နေရပြီး အေးစက်စက်အစားအစာများကိုပင် အကန့်အသတ်ဖြင့်စားရသည့် နေ့တိုင်း ဖုတ်ကောင်များကို ရှောင်တိမ်းနေရသော သူ့ယခင်ဘ၀တွင်ရှိနေဆဲဖြစ်မှန်း သိလိုက်ရပါက သူ ကြေကွဲသွားရလိမ့်မည်ပင်။

သူ့ယခင်ဘဝနှင့် လိုက်လျောညီထွေဖြစ်အောင် ဆယ်နှစ်လောက် အချိန်ယူခဲ့ရပြီး ဤနေရာသို့ ကူးပြောင်းမလာခင်ထိ လှပသည့်နေ့ရက်များ ရှိလာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။ ယခု သူ့တွင် ဘဝသစ်တစ်ခုရှိလာပြီဖြစ်၍ ဤအရာများ အမှန်တကယ်မဟုတ်နေပါက ဖုတ်ကောင်အစားသာ ခံလိုက်တော့မည်ဖြစ်သည်။

မကြာခင်မှာပင် ကုပိုင်သည် အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သောကြောင့် ဤအကြောင်းနှင့်ပတ်သပ်၍ စိုးရိမ်မနေနိုင်တော့ပေ။ အာကာသယာဉ်ပေါ်တွင်ရှိတုန်းက မတော်တဆဖြစ်မည်စိုးသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ဝံ့ခဲ့သည့်အတွက် မျက်လုံးမှိတ်ပြီးနောက် ချက်ချင်းပင် အိပ်ပျော်သွားလုနီးပါးဖြစ်သွားသည်။

ကုပိုင်သည် နောက်နေ့ထိမနိုးလာခဲ့ချေ။ အသိစိတ်၀င်လာသည့်အခါ သူ့စောင်ကိုအနည်းငယ် မ,တင်လိုက်ပြီး မျက်လုံးကို ချက်ချင်းဖွင့်၍ ဘေးပတ်ပတ်လည်ကို သတိထားကြည့်လိုက်မိသည်။ ၎င်းက သူ့အတွက် အလေ့အကျင့်ဖြစ်နေပြီပင်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now