Chapter 19

636 112 1
                                    

Chapter 19 Audition (၂)

ပထမမေးခွန်း၊ ငရုတ်ကောင်း၏အရသာက အဘယ်နည်း။

A၊ ငန်သည်။ B၊ စပ်သည်။ C၊ ခါးသည်။ D၊ ချိုမြိန်သည်။

ကုပိုင် ဆွံ့အသွားရ၏။

ဒုတိယမေးခွန်း၊ အောက်ဖော်ပြပါ ပါဝင်ပစ္စည်းများထဲမှ မည်သည့်အရာသည် မုန်လာဥနီဖြစ်သနည်း။

Platform ပေါ်တွင် ပုံလေးပုံရှိသည်။

ကုပိုင် ထပ်၍ဆွံ့အသွားရပြန်၏။

တတိယမေးခွန်း၊...

ကုပိုင်သည် အစပိုင်းတွင် အလွန်လေးနက်တည်ကြည်နေသော်ငြား တဖြည်းဖြည်းနှင့် သူ့မျက်၀န်းများက အသက်မပါဖြစ်လာပြီး နောက်ပိုင်း၌ အဖြေများကို အလိုအလျောက်သိစိတ်နှင့်သာ ရွေးချယ်လိုက်တော့သည်။

တကယ်ကြီးလား? တကယ်ကြီးလား? ငါ မယုံနိုင်ဘူးနော်!

မူလတန်းကျောင်းသားများပင် အဖြေများကိုသိကြမည်ဖြစ်သော်ငြား လျှာကဝေပြိုင်ပွဲ၏ ပထမအကျော့စာမေးပွဲအဖြစ် ဤမေးခွန်းများကို အသုံးပြုခဲ့သည်။ အစားအသောက်ယဉ်ကျေးမှုကွဲပြားခြင်းသည် ကြယ်စင်စုခေတ်တွင် အလွန်ပြင်းထန်သည်ဟုဆိုခြင်းက ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။

ကုပိုင် မေးခွန်းများကို ဖြေဆိုသည့်အချိန်က အခြားပြိုင်ပွဲဝင်များထက် ဆယ်မိနစ်နောက်ကျသော်လည်း သူက စာရွက်ကို ပထမဆုံးပြန်လည်တင်သွင်းသူဖြစ်သည်။ ဘောနပ်စ်မေးခွန်းများအပါအဝင် ထိုမေးခွန်းများသည် သူ့အတွက် လုံးဝမခက်ခဲနေပေ။

ပထမအကျော့စာမေးပွဲမှာ တစ်နာရီကြာသည်။ ကုပိုင်ပြန်ထွက်လာတော့ 10 မိနစ်သာကြာသေး၏။  နောက်ထပ်စာမေးပွဲနှစ်ခုကို စောင့်ဆိုင်းရမည်ဖြစ်သောကြောင့် သူ စာမေးပွဲစင်တာအပြင်ဘက်ရှိ ခုံတန်းတွင်ထိုင်လိုက်ပြီး ထွက်မသွားခဲ့ချေ။

"ဟယ်လို၊ ငါ့နာမည်ဖန်းဝေ့ရွှမ်းပါ မင်းက Blue Star ပိုင်ရှင် ပိုင်ရှောင်ပိုင်လို့ ငါထင်တယ် ဟုတ်တယ်မလား"

သူ့ဘေးတွင်ထိုင်နေသည့် လူချောတစ်ယောက်က ရုတ်တရက် မေးမြန်းလာ၏။ ကုပိုင် သူ့ကို အလိုလိုကြည့်လိုက်မိပြီး "မင်း ကျွန်တော့်ကို သိတာလား"

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now