Chapter 15

645 114 1
                                    

Unicode

Chapter 15 အံ့သြစရာ

"စားပွဲနဲ့ ကုလားထိုင်တွေက 3,000 XB ကုန်ကျပြီး မုမုက ညစာအတွက် 2,000 XB ပေးတာကြောင့် ငါ့မှာ စုစုပေါင်း 9,000 ရှိသေးတယ်  1,000 XBက မနက်ဖြန်လုပ်မယ့် ပါ၀င်ပစ္စည်း‌တွေအတွက်ဖြစ်ပြီး 8,000 XB က စက်ရုပ်ရှစ်ရုပ်ကိုငှားဖို့ လုံလောက်တယ်" အော့ဖ်လိုင်းလုပ်ပြီးနောက် ကုပိုင်သည် အိပ်ယာပေါ်တွင် လှဲလျောင်းပြီး ပိုက်ဆံမည်သို့သုံးရမည်အား စဉ်းစားနေသည်။

သို့သော်လည်း အဆုံးတွင်၊ နှစ်ရက်အတွင်း ပေါင်းမြက်များကို ပေါင်းသတ်ရန်အတွက် စက်ရုပ်ငါးရုပ်ငှားရမ်းရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူသည်လည်း အရေးပေါ်အခြေအနေများအတွက် ပိုက်ဆံအနည်းငယ် သိမ်းဆည်းထားနိုင်သည်လေ။

လာမည့်ရက်အနည်းငယ်တွင် ခက်ခဲနိုင်သော်ငြား သူ့စားသောက်ဆိုင် ပုံမှန်လည်ပတ်နေနိုင်သရွေ့ သူ့အနေနှင့် အနာဂတ်တွင် ပိုက်ဆံပြတ်လပ်မည်မဟုတ်ချေ။

ဒါကိုတွေးမိတော့ ကုပိုင်အောက်ထပ်ကို ပြေးဆင်းပြီး အိမ်တော်ထိန်းကုကိုရှာ၍ ပိုက်ဆံလွှဲပေးလိုက်သည်။ "အဘိုးကု ကျေးဇူးပြုပြီး မနက်ဖြန်ကျရင် စက်ရုပ်ငါးရုပ် ငှားပေးပါလား"

အိမ်တော်ထိန်းကုသည် သူ့အကောင့်ထဲတွင် 5000 XBကိုတွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွား၏။ အဆုံးတွင်တော့ ကုပိုင်သည် ဤနေရာသို့ ပိုက်ဆံတစ်ပြားမှမပါဘဲ ရောက်လာခဲ့ခြင်းဖြစ်ပြီး သူပင်လျှင် လက်စားချေရန်အတွက် ဗဟိုကြယ်သို့ သွားမိလုနီးပါးပင်။

ရက်အနည်းငယ်အတွင်း ဒီကလေး ပိုက်ဆံဘယ်လိုရသွားတာလဲ။

အိမ်တော်ထိန်းကု သံသယ၀င်နေမှန်းသိသည့်အတွက် ကုပိုင်ရှင်းပြလိုက်မိသည်။"ကျွန်တော် မကြာသေးခင်က ဒုတိယမြောက်ကမ္ဘာမှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့တယ် ပြီးတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ဒီပိုက်ဆံတွေရခဲ့တာပဲ"

"စားသောက်ဆိုင်လား သခင်လေးပိုင် ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို သိတာလား" အိမ်တော်ထိန်းကုချီသည် စိတ်လှုပ်ရှားပြီး ကျေနပ်သွားသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now