Chapter 17

690 112 1
                                    

Unicode

Chapter 17 လျှာကဝေပြိုင်ပွဲ

ဖောက်သည်များ အံ့အားသင့်သွားရသည်။ "ဒုတိယမြောက်ကမ္ဘာ့ရဲ့ ၇၇ကြိမ်မြောက် လျှာကဝေပြိုင်ပွဲလေ အဲဒါကိုမသိဘူးလား" ပင်ကိုစွမ်းရည်ရှိသော စားဖိုမှူးများကို ရှာဖွေရန်၊ ဒုတိယမြောက်ကမ္ဘာရှိ စီမံခန့်ခွဲ‌ရေးမန်နေဂျာများသည် လျှာကဝေပြိုင်ပွဲကို နှစ်စဉ်ကျင်းပပေးခဲ့ကြသည်။ ချန်ပီယံရသည့် စားဖိုမှူးသည် ဆုငွေ 300,000 XB ကိုသာမက သူ့စားသောက်ဆိုင်၏ ပရိုမိုးရှင်း၁၅ရက်အပြည့်နှင့်  ပျောက်ဆုံးနေသည့် ဟင်းချက်နည်းများကိုလည်း ရရှိမည်ဖြစ်သည်။

"300,000 XBလား?" ကုပိုင် ပျော်ရွှင်မှုတို့ပြည့်နှက်သွားရသည်။၎င်းက ယခုအချိန် သူလိုအပ်နေတာအတိအကျပင်။

ဒါက ကူးပြောင်းလာရတဲ့အတွက် ရရှိတဲ့ အကျိုးအမြတ်များလား။

"ဆိုင်ရှင် အဓိကအချက်ကိုကြည့်ပါဦး အနောက်က ပရိုမိုးရှင်းနဲ့ ပျောက်ဆုံးနေတဲ့ ဟင်းချက်နည်းတွေကို ပိုဂရုစိုက်သင့်တာမဟုတ်ဘူးလား ဒါက ပြိုင်ပွဲဝင်တိုင်း လိုချင်ကြတဲ့အရာတွေလေ" ဧည့်သည်များသည် ကုပိုင်ကို ရက်အနည်းငယ်လောက်သာ သိကြရသေးသော်ငြား သူ အဓိကအချက်ကို လွတ်သွားသည့်အတွက် သူတို့ကူကယ်ရာမဲ့ဖြစ်သွားကြသည်။

"နှစ်ခုလုံးက အရေးကြီးတယ်" ကုပိုင်က ဆက်ပြောသည်။ သို့သော် စိတ်ထဲတွင်တော့ ပိုက်ဆံက သူ့အတွက် ပိုအဓိပ္ပါယ်ရှိသည်ဟု ထင်နေသေး၏။

ယခု သူ အလိုအပ်ဆုံးအရာက ပိုက်ဆံပင်။ ပျောက်ဆုံးသွားသည့် ဟင်းချက်နည်းများနှင့် ပတ်သက်လျှင် သူ့စိတ်ထဲတွင်ရှိနေသည့်ပိုက်ဆံက ထိုအရာထက် ပိုတန်ဖိုးရှိသည်။

စားသောက်ဆိုင်ပရိုမိုးရှင်း ၁၅ရက်လား။ အရသာရှိတဲ့ အစားအသောက်တွေ သူချက်ပြုတ်နိုင်သရွေ့ ဧည့်သည်မရှိမှာကို စိတ်ပူနေစရာလိုအပ်လို့လား။

အရေးကြီးတာက ပိုက်ဆံပင်။

"ကျွန်တော် ဘယ်မှာစာရင်းသွင်းရမလဲ၊ ပြိုင်ပွဲစပြီလား" ကုပိုင် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Dove le storie prendono vita. Scoprilo ora