Chapter 20

651 110 5
                                    

Chapter 20 Audition (၃)

သူ့ရှေ့ရှိလူကလည်း ပြိုင်ပွဲဝင်ဖြစ်ရမည်။ ယခု သူက သူ့အဖြေကို စောစီးစွာတင်လိုက်သောကြောင့် သူ့အဖြေများကို ယုံကြည်မှုရှိတာသေချာသည်။ ကုပိုင်က ဟင်းချက်ကျွမ်းကျင်သောသူများကို အမြဲဖော်ရွေတတ်သည်။

"ရှောင်ပိုင် မင်း audition ကို အောင်မြင်မှာ သေချာတယ် ဒီတစ်ခါတော့ မင်းက နံပါတ် 1 ဖြစ်နိုင်တယ် အမှန်အတိုင်း ပြောရရင် ဝက်သားပြုတ်လွှာအစပ်လောက် အရသာရှိတာမျိုး တခါမှ မစားဖူးဘူး" ကုပိုင် ချက်ပြုတ်ထားသည်က သူငှားထားသည့်စားဖိုမှူးတွေ လုပ်ထားသည်ထက် အများကြီး ပိုအရသာရှိသည်။

ကုပိုင်က "မင်းလည်းပဲအောင်မှာပါ သူငယ်ချင်းလေး ငါမင်းကိုယုံတယ်"

"လာ မင်း ပထမနေရာကိုရပြီး ဒုတိယနေရာကို ငါယူမယ် ငါတို့က ဒီထဲမှာအကောင်းဆုံး!" ဖန်းဝေ့ရွှမ်းက နည်းနည်းမြောက်တက်နေပြီ။

"ဟားဟား အဲဒါက ဒီနှစ်ထဲ ငါကြားဖူးသမျှမှာ အကောင်းဆုံးဟာသပဲ"

တစ်စုံတစ်ယောက်က သူတို့ကို ဘေးကနေ လှောင်ပြောင်နေသည်။ ထိုမှသာ ကုပိုင်က ပထမအဆင့် စာ‌မေးပွဲပြီးသွားကြောင်း သိလိုက်ရသည်။ တစ်ချက်ကြည့်လိုက်တော့ ထိုလူက စာမေးပွဲမစခင် အဆောက်အဦးအပြင်ဘက်၌ အခြားပြိုင်ပွဲဝင်တစ်ယောက်ကို ကဲ့ရဲ့လှောင်ပြောင်သည့်လူနှင့် တူနေမှန်း တွေ့လိုက်ရသည်။

ကုပိုင်က ထိုလူသည် သူ့လှည့်ကြည့်ရလောက်အောင် တန်ဖိုးမရှိဟု သတ်မှတ်လိုက်သည်။

‌ဖန်းဝေ့ရွှမ်းကလည်း ထိုသို့တွေးနေပြီး သူက ထိုလူ၏စကားကို လျစ်လျူရှုကာ ကုပိုင်ကို ပြောလိုက်သည်။ "ရလဒ်ကို ကြည့်ရအောင်"

"ချက်ချင်းကြီးလား?" စာမေးပွဲပြီးသွားသည်က တစ်မိနစ်ပင် မပြည့်သေးသည့်အတွက် ကုပိုင် အံ့သြသွားသည်။

"ဘယ်လိုတောင် ဉာဏ်မရှိရတာလဲ မင်း ဘယ်ဝေးလံခေါင်သီတဲ့ဂြိုလ်က လာတာလဲလို့ တွေးမိတယ် ရှက်စရာကြီးကွာ" ကုပိုင်နှင့်ဖန်းဝေ့ရွှမ်းတို့က သူ့ကို ဂရုမစိုက်သောကြောင့် ထိုလူက ဒေါသတကြီး နှာမှုတ်လိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now