Chapter 27

512 96 2
                                    

Unicode

ကုပိုင် သူ့မျက်၀န်းများကိုမှေးကျဉ်းပြီး မြေ၏ အစိတ်အပိုင်းအချို့ကို ဂရုတစိုက် စိုက်ကြည့်လိုက်သည်။ ထိုနေရာသည် ကျန်မြေများနှင့် တူညီလုနီးပါးဖြစ်သော်လည်း  တစ်နေရာကမတူနေတာကို ကုပိုင်တွေ့လိုက်ရပြီး  တစ်စုံတစ်ခုသည် ထိုနေရာတွင် မြုပ်နေရင်း အသက်ရှုနေပုံရကာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်ကို ရှာတွေ့သွား၏။

ကုပိုင်သည် ဂေါ်ပြားတစ်ချောင်းကို ထုတ်ယူပြီးနောက် ထိုနေရာသို့လမ်းလျှောက်သွားကာ တူးထုတ်ရန် စီစဥ်လိုက်သည်။ သို့သော် သူမလုပ်နိုင်ခင် ထိုအရာက မြေပြင်ပေါ် ထွက်လာတော့မလိုဖြစ်လာသည်။

“သခင်လေး သတိထား” အဘိုးကုက အခြေအနေကို သတိပြုမိသွားပြီး သူ့ဝမ်းနည်းမှုကို ဘေးဖယ်လိုက်ကာ ကုပိုင်ကိုကာကွယ်ရန် နောက်သို့ အမြန်ဆွဲခေါ်လိုက်သည်။

ကုပိုင်သည် သူ့အတွက်နှင့် သက်ကြီးရွယ်အိုတစ်ဦးကို အန္တရာယ်ဖြစ်ခွင့်ပေးမည်မဟုတ်ဘဲ သဘာဝကျကျပင် အဘိုးကုကို သူ့နောက်သို့ ပြန်ဆွဲခေါ်လိုက်ကာ မြေပြင်ကို စောင့်ကြည့်နေသည်။ တစ်ခုခုဖြစ်ခဲ့ပါက ဂေါ်ပြားနှင့် ရိုက်ထုတ်ရန်ပြင်ထားသည်။

မြေပြင်သည်လှုပ်ခါနေ၍ မြေဆီလွှာသည်လည်း နေရာအနှံ့ တုန်ခါနေသည်။ ကုပိုင်သည် ထိုအရာက အခွံအတွင်းမှ ငှက်တစ်ကောင်နှင့်တူသည်ဟု ခံစားရပြီး ၎င်းက အခွံကိုချိုးဖျက်ရန် အပြင်းအထန်ကြိုးစားနေသည်။

နောက်ဆုံးတွင် အပေါ်ယံမှဖုံးအုပ်ထားသော မြေဆီလွှာများ ပြုတ်ကျသွားကာ ထိုအရာက ပေါ်ထွက်လာတော့မည်ဖြစ်သည်။ ကုပိုင်သည် အလွန်သတိထားနေကာ ဂေါ်ပြားကို လှုပ်ယမ်းလိုက်ပြီး ထိုအရာထွက်လာသည်နှင့် မြေကြီးထဲသို့ ပြန်ရိုက်ထည့်ရန် ကြံစည်ထားသည်။သို့သော် ခဏတာမျှမြင်လိုက်ရပြီးနောက် ထိုအရာကို ရင်းနှီးနေသလိုခံစားလိုက်ရသည် ။

မြေကြီးထဲရှိတစ်စုံတစ်ခုက ဆူညံနေပြီး ကုပိုင်သည် ထိုအသံကို သူယခင်ကကြားဖူးသလို ခံစားရသည်။

နောက်အခိုက်အတန့်တွင် မြေပြင်မှအစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကုပိုင်ဆီသို့ တည့်တည့်ပြေးလာကာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွား၏။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now